စုပေါင်း ရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာ အစီအစဉ်(ပထမအကြိမ်)

အလှူတော်မင်္ဂလာ နှင့်ပါတ်သက်၍

အလှူနေ့ရက်

  • အလှူအစနေ့.....၂၉.၄.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၂ ရက်၊ သောကြာနေ့)
  • အလှူကြီး.........၃၀.၄.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၃ ရက်၊ စနေနေ့)
  • ရှင်မည်ခံ..........၁.၅.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၄ ရက်၊ တနင်္ဂနွေနေ့)
  • အလှူတော်နေရာ...ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာ၊ အလှူတော်မင်္ဂလာမဏ္ဍာပ်။ (ဖုန်း-၀၉-၄၉၇၁၇၂၉၄)
အလှူတော်မင်္ဂလာ အစီအစဉ်

တန်ခူးလ္ဆုပ် ၁၂ ရက်နေ့ ၊အလှူအစနေ့ ညနေ ၅-နာရီ၌ အလှူရှင်များ၊ ရှင်လောင်းများ၊ ရဟန်းလောင်းများ၊ မိသားစုများ စုပေါင်း၍ ပရိတ်တရားတော်နာကြား၍ အလှူမင်္ဂလာ စတင်ဖွင့်လှစ်ပါမည်။

တန်ခူးလ္ဆုပ် ၁၃ ရက်နေ့၊ နံနက် ၇-နာရီ သိမ်တက်၊ ရဟန်းခံ၊ သိက္ခာထပ်အလှူတော်မင်္ဂလာ ခမောက်စုရွာ၊ ရွာလည်ကျောင်းတိုက်၌ ကျင်းပပါမည်၊

တန်ခူးလ္ဆုပ် ၁၃ ရက်နေ့ နံနက် ရှစ်နာရီမှ စ၍ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြကုန်သော ဧည့်ပရိတ်သတ် အပေါင်းတို့အား ဟင်းချို၊ ငံပြာရည်ကျော်၊ ပဲပင်ပေါက်၊ ငံပိရည်တို့ဖြင့် ဧည့်ခံကြွေးမွေးပါမည်၊ (ဧည့်ပရိသတ် တစ်ထောင် ကျော်ခန့်ကို ကြွေးမွေးလှူဒါန်းပါမည်)

နံနက် ဆယ်နာရီခွဲ၌ ပင့်သံဃာတော် အပါး(၂၀)အား၊ နေ့ဆွမ်းများဖြင့် ဆက်ကပ်လှူဒါန်းပါမည်။ နေ့လည် ၁၂ နာရီ၌ ရှင်အပါး ၂၈ပါး၊ ရဟန်းလောင်း ၄ပါးတို့အား မြင်းကှိုယ်စီဖြင့် ရှင်လောင်းလှည့်ပါမည်၊
ညနေ ၃ နာရီ၌ ဆံချပရိတ်တရားတော်နာ၍ လှူဒါန်းဘွယ် အစုစုတို့အား လှူဒါန်းကာ စုပေါင်း၍ ရေစက် သွန်းချ အမျှအတန်းပေးဝေပါမည်၊ (နတ်လူသာဓု ခေါ်စေသော်)ထို့နောက် ရှင်လောင်းများ အား ဆံချ၍၊ သရဏဂုံသုံးပါး ဆောက်တည်စေကာ သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြင်ပါမည်။

တန်ခူးလ္ဆုပ် ၁၄ ရက်နေ့၌ ရှင်မည်ခံအလှူပွဲကျင်းပ၍ စေတနာပန်းခင်း ပထမအကြိမ် စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲအား အောင်မြင်စွာ သိမ်းဆည်းပါမည်။
(တန်ခူးလစ္ဆုပ် ၁၃ ရက်နေ့၌ တစ်နေကုန် လာသမျှဧည့် ပရိသတ်များအား ဧည့်ခံကြွေးမွေးပါမည်)

စေတနာပန်းခင်း ဖောင်ဒေးရှင်း
(လောက၊ သာသနာအကျိုးပြု မိသားစု) 

No comments:

Post a Comment