မေတ္တာ ဘယ်က စပို့မယ်...။(မေတ္တာအကျိုး)

မေတ္တာဆိုတာကို သိနေဟတီတိ မေတ္တာလို့ ၀ိဂြိုလ်ပြုပါတယ်။ ချစ်တတ်သောကြောင့် မေတ္တာလို့ အဓိပ္ပါယ် ရတာပေါ့။ ချစ်တယ်ဆိုရာမှာ လင်က အမျိုးသမီးက သူ့အမျိုးသားကို ချစ်သလိုမျိုး၊ လင်ချစ်၊ သားချစ်ကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒါကတော့ ဟေဟဿိတ ပေမ လို့ခေါ်တဲ့ အိမ်၌ မှီတဲ့ အချစ် သို့မဟုတ် တဏှာဖြစ်ပေါ့။ တစ်ကယ့် မေတ္တာဆိုတာကတော့ ကိုယ်နဲ့ထပ်တူ ထားပြီး ချစ်တော်မူတာပါ။ ကိုယ့် အကျိုး လိုလားသလို သူ့အကျိုးလည်း ကိုယ်နဲ့ ထပ်တူ လိုလားနိုင်မှသာလျှင် မေတ္တာလို့ ခေါ်ဆိုနိုင်ပါတယ်။ ခွဲခြားပြီး ချစ်တာဟာလည်းမေတ္တာစစ်မဖြစ်ပြန်ပါဘူး။

ဘယ်နည်းလမ်းကို ရွေးမလဲ

ဘယ်လောကမှာ မဆို ချို့ယွင်းချက်ဆိုတာ ရှိပါတယ်။ အဲဒါတွေကို ကောင်းစေချင်တယ်ဆိုရင် အပြစ်တင် ဝေဘန်တဲ့ နည်းကတော့ မထိရောက်တာ သေချာတယ်။ ဘာလို့လည်းဆိုတော့ လောကမှာ အပြစ်ကင်းတဲ့သူဆိုတာ မရှိလို့ပါပဲ။ အဲဒိတော့ သူ့ကို ကိုယ်က အပြစ်တင်ရင် သူကလည်း ကိုယ့်ကို ပြန်ပြီးတော့ အပြစ်တင်မှာပဲ၊ အဲလိုသာ ဖြစ်ရေင် အမုန်းသံသရာက ဆုံးမှာ မဟုတ်တော့ဘူး။ ။  

 ကိုယ်ဖြစ်ချင်တာလည်း မဖြစ်နိုင်တော့သလို ကိုယ်မဖြစ်ချင်တာ တွေတောင် ဖြစ်လာတော့မှာပါ၊ ဒါကြောင့် အကောင်းဆုံး နည်းကတော့ အပြစ်မပြောပဲ လိုအပ်တာကို ရှာပြီးတော့ ဖေးမပြင်ဆင်ပေးခြင်းကသာလျှင် အအောင်မြင်ဆုံးနည်းဖြစ်မှာပါ။ ဘာလို့ ဒါကို သိလည်းဆိုတော့ ကိုယ်ကိုယ်တိုင်လည်း အရင် နည်းလမ်းမှားခဲ့ဖူးလို့ပါပဲ၊ မိန်းကလေးတွေ ဘုရား၊ကျောင်းကန်တွေမှာ မတော်တရော်အ၀တ်စားတွေ ၀တ်တာ မြင်ရတဲ့ အခါ စိတ်ထဲ မချမ်းသာပါဘူး။

သံဃာဆိုတာ

ခုခေတ်မှာ ၀ိနည်းတော်နဲ့ မညီတဲ့ ရဟန်းတွေ၊ အနေမတတ်အထိုင်မတတ်တဲ့ ရဟန်းတွေ များစွာရှိတယ် ဆိုတာ ကိုယ်ကိုယ်တိုင်လည်း ရဟန်းဖြစ်နေတဲ့ အတွက် ပိုသိပါတယ်။(ခုခေတ်တင်မဟုတ်ပါဘူး၊ ဘုရားလက်ထက်မှာတောင် ရှိပါတယ်။) တစ်ချို့ လုံးဝ ဒုဿီလဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေတောင် ရှိပါတယ်။ ဒါပေမယ့် ဒါက ပုဂ္ဂိုလ်ပါ၊ သံဃာ မဟုတ်ပါဘူး။ “သံဃော ဒုဿီလော နာမ နတ္ထိ” လို့ ပါဠိတော်မှာ လာရှိပါတယ်။ ဆိုလိုတာက ပုဂ္ဂိုလ်ကတော့ သီလ မရှိတဲ့ သူ ရှိမယ်။ ဒါပေမယ့် သံဃာဆိုရင်တော့ သီလမဲ့သူဆိုတာ မရှိတော့ပါဘူးတဲ့။ 

ဒါပေမယ့် ခုခေတ်က ဗုဒ္ဓဘာသာဝင် ဒကာ၊ ဒကာမတွေကတော့ တစ်စုံ တစ်ဦး မကောင်း တာလေးတွေ့ တာ နဲ့၊ “သံဃာတွေက၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့” ၀ါးလုံးရှည်နဲ့ သိမ်းရမ်းကြတော့ တာပါပဲ။ စဉ်းစားကြည့်ပါ (၁။ ရဟန်း၊ ၂။ ရဟန်းမ ၃။ ဥပါသိကာ၊ ၄။ ဥပါသိကာမ) ဒီလေးဦးဟာ သာသနာတွင်းသားတွေပါ၊ ကိုယ့်မှာလည်း တာဝန်မကင်းပါဘူး။ ကိုယ်ကမှ ကိုယ့်သာသနာ မထိန်းကျောင်းပဲ ကဲ့ရဲ့နေမယ် ပြစ်တင်နေ မယ်ဆိုရင် ဒီသာသနာ ဘယ်လိုလုပ် တိုးတက်အောင် လုပ်တော့မလဲ။ မဟာဂန္ဓာရုံ ဆရာတော်ကို ဒကာတစ်ယောက်က မေးလျှောက်ပါတယ်။ “ဆရာတော်၊ တပည့်တော် အမြင်မတော်တဲ့ ရဟန်းတစ်ပါး ပါး တွေ့ရင် ဆုံးမကောင်းပါသလား”တဲ့၊ ဆရာတော်ကြီးက “ဆုံးမကောင်းပါတယ်။ ဒကာတော်ရဲ့ နှလုံး သွင်းပေါ်မှာပဲ မူတည်ပါတယ်။ တစ်ကယ် စေတနာကောင်းနဲ့ ဆုံးမရင် ကုသိုလ်တောင် ရပါသေးတယ်”တဲ့။ ခုတော်တော်များများကတော့ ပုဂ္ဂိုလ်နဲ့ သံဃာ မခွဲခြားတတ်ဘူး။ 

ဘုရားဂုဏ်တော် (၉)ပါး ပါဠိ၊ အဓိပ္ပါယ်

(၁) အရဟံ
     ကိလေသာအပူကင်း၍  ပူဇော်အထူးကိုခံထိုက်သောမြတ်စွာဘုရား။

(၂) သမ္မာသမ္ဗုဒ္ဓေါ
     သစ္စာလေးပါးမြတ်တရားကို ဆရာမကူ သယမ္ဘူဥာဏ်ဖြင့်ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား


(၃) ၀ိဇ္ဇာစရဏသမ္ပန္နော
      အသိဥာဏ် ဝိဇ္ဇာ၊ အကျင့်စရဏနှင့် ပြည့်စုံတော် မူသောမြတ်စွာဘုရား။

(၄) သုဂတော
      ကောင်းသော စကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။

ခုနှစ်နေ့ ဘုရားရှိခိုး


 ကြာသပတေးနေ့ ပဋိသန္ဓေယူ(အမိဝမ်းတိုက်သို့ ၀င်စားခြင်း)

သုံးလူ့ရှင်ပင်ကျွန်းထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတန်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့၊ ကိန်းပါကို။

သောကြာနေ့ ဖွားမြင်

သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို။

တနင်္လာနေ့ တောထွက်

ဖွါးမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊
ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ် ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရိပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခန်းမှာကို။

ဗုဒ္ဓဘာသာ ငါးမျိုး

ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို အခြေအနေတွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုးကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာ သာ ငါးမျိုးကတော့......

(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာတို့ သိသင့်တော့ နေ့ထူးနေ့မြတ်များ

တန်ခူးလ
နှစ်သစ်ကူးပွဲတော်

ကဆုန်လ
(ဗုဒ္ဓနေ့)ညောင်ရေသွန်းပွဲတော်

နယုန်လ
မဟာသမယနေ့

ဂရုဓမ္မအခါတော်နေ့ (တော်သလင်းလပြည့်နေ့)

ဂရုဓမ္မဆိုသည်မှာ ငါးပါးသီလကိုပင် ဆိုလိုရင်းဖြစ်သည်။ ၅၅၀-တိကနိပါတ် ဂရုဓမ္မဇာတ်တွင် အမြင့်ဆုံး ရှင်ဘုရင်မှ အနိမ့်ဆုံး ပြည့်တန်ဆာမအထိ ၅-ပါးသီလကို စောင့်ထိန်းသောကြောင့် မိုးလေ၀သ မှန်ကန်၍ ကပ်ကြီးသုံးပါးမှ လွတ်ကင်းရကြောင်း ဖော်ပြထားသည်။

ဂရုဓမ္မဇာတ်တော် ပေါ်ပေါက်လာရခြင်းမှာ မိုးတွင်းကာလမှာဖြစ်၍ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ အခါတော်နေ့) အဖြစ် ယခုအခါ ကျင်းပလျက်ရှိကြသည်။ ငါးပါးသီလကို ဂရုဓမ္မဇာတ်အရ သူတော်ကောင်းတို့ အလေးထား၍ ကျင့်သုံးအပ်သော သီလဖြစ်သောကြောင့် ဂရုဓမ္မသီလဟူ၍ လည်း ခေါ်ကြသည်။

လူမှန်လျှင် လိုက်နာကျင့်သုံးရမည့် ဓမ္မတာတရားဖြစ်သောကြောင့် ဓမ္မတာသီလဟူ၍လည်း ခေါ်ကြသည်။
စကြာဝတေးမင်းတို့ ဓမ္မသတ်သဖွယ် ကျင့်သုံးသောကြောင့် စက္က၀တ္တိဓမ္မသတ်ဟူ၍လည်း ခေါ်ကြသည်။
ကုရုတိုင်းနေ လူတို့ လိုက်နာကျင့်သုံးသော တရားဖြစ်သောကြောင့် ကုရုဓမ္မသီလဟူ၍လည်း ခေါ်ကြသည်။
အရေအတွက် ၅-ပါးရှိသောကြောင့် ပဉ္စသီလဟူ၍လည်း ခေါ်ကြသည်။

စေတနာပန်းခင်း၏ အဓိက ရည်ရွယ်ချက်

၁။  နှစ်စဉ်သာသနာပြု ကောင်းမှုအလှူများ ဆည်းပူးလှူဒါန်းခြင်း၊
      (စုပေါင်း ရဟန်းခံ၊ ရှင်ပြုပွဲများ စသည်)

၂။  သက်ကြီး၊ ရွယ်အိုများအား ကူညီစောက်ရှောက်ခြင်း
     (နှစ်စဉ် သက်ကြီးပူဇော်ပွဲများ ကျင်းပခြင်း စသည်)

၃။  ကျေးလက် စာကြည့်တိုက်များ ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ခြင်း ။

၎။  အရေးပေါ်အခြေနေများ၌ လူမှုကူညီစောင့်ရှောက်ရေး လုပ်ငန်းများ  အောင်အောင်မြင်မြင် ဆောင်ရွက်
     နိုင်ရေး၊
   (သဘာဝ ဘေးအန္တရယ်များ ကျရောက်သည့် ကာလများ)

၅။ လာကီ၊ လောကုတ္တရာ ပညာသင်ထောက်ပံ့ရေး အစီစဉ်
     (ပညာတော်သော်လည်း ငွေကြေး မတတ်နိုင်သော ကလေးများ၊ ပညာရည်ထူးခြားစွာ မတော်သော် 
      လည်း ကြိုးစားလိုစိတ်ရှိသော ကလေးများအား ကျောင်းထားခြင်း)
၆. လစဉ် ကျေးလက်မှ ချို့တဲ့သော မူလတန်းစာသင်ကျောင်းလေးများ၌ အာဟာရများကျွေးမွေးခြင်း၊စာရေး
     ကိရိယာများ ထောက်ပံ့ လှူဒါန်းခြင်း။


ဥက္ကဋ္ဌအရှင်တေဇာနန္ဒ (ရွှေဘုန်း၊ စေတနာပန်းခင်း)
B.A (ဓမ္မာစရိယ၊) M.A (Thesis)
စေတနာပန်းခင်း သင်တန်း၊ စာကြည့်တိုက်နှင့် ဖောင်ဒေးရှင်း

ယုံကြည်ချက်ခိုင်မာစွာဖြင့်လျှောက်လှမ်းနိုင်ပါစေ


ဘာသာတရားဆိုတာ အဆုံးအမတွေပဲမို့ ဘာသာတိုင်း မှာ ကောင်းတဲ့ အဆုံးအမတွေရှိမယ်ဆိုတာ
အသေ အချာပါပဲ။ မိမိ ကိုးကွယ်ယုံကြည်တဲ့ ဘာသာကလွဲလို့ အခြားဘာသာတွေ ရဲ့အပြစ်တွေ အားနည်းချက်တွေကိုထောက်ပြ အပြစ်တင်နေမယ့်အစား ဘာသာတိုင်းရဲ့ အားနည်းချက်တွေကို ဆန်းစစ်ပြီး အားသာချက်တွေ ကိုလေ့လာ အတုယူ တတ် ဖို့လိုအပ်ပါတယ်.။ ယုံကြည်ချက်မတူတိုင်း ရန်သူမဟုတ်ပါဘူး ။ လူသားတိုင်းဟာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် အခိုင် အမာရပ် တည်နေကြတာပါ ..။

ကျွန်မတို့ နိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့် အခြား အခြားသော ဘာသာတွေကို လည်းလွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ပေးထားပါတယ်။သည်နိုင်ငံမှာနေလို့သည်ဘာသာပဲကိုးကွယ်ရမယ်ဆို တဲ့ချုပ်ချယ်ကန့်သတ်မှုမျိုး မရှိခဲ့ပါဘူး ...။

လေ့လာရေး ခရီးစဉ်မှ အတွေ့အကြုံလေးများ


ဒီနေ့ မဟာချူလာလောင်ကွန်းတက္ကသိုလ်၏ Tipitaka study ဘာသာရပ်ရဲ့ စာတန်းအတွက် ခရီးတစ်ခုအဖြစ် နဲ့ သွားခဲ့ရတဲ့ အတွေ့အကြုံလေးကို  မျှဝေချင်ပါတယ်၊ အထူးသဖြင့် စေတနာပန်းခင်း ဖောင်ဒေးရှင်း အကျိုးဆောင်များကို မဖြစ်မနေဖတ်စေ ချင်တယ်။နာရီတွေတော့ မပြောတော့ပါဘူး၊ ပထမဆုံးရောက်ဖြစ် တဲ့နေရာက ဗုဒ္ဓဥယျာဉ်ပါ(Buddhamonthom)။ ဒီဥယျဉ်ကြီးဟာ မြန်မာလိုဆိုရင် ဧက တစ်ထောက်ကျော် ကျယ်ဝန်းတယ်လို့ သိရပါတယ်။ အထဲမှာတော့ ရေကန်များ၊ ဘုရားပုထိုးစေတီတော်များ၊ နှင့် ငါးစာကျွေး ရာ နေရာများလည်း ရှိပါတယ်။ ထူးခြားတာ ကတော့ မြန်မာနိုင်ငံ မန္တလေးတောင်ခြေမှာ ကဲ့သို့ ကျောက်စာ ပိဋကတ်တိုက် ရှိတာပါပဲ။ မြန်မာနိုင်က ပိုပြီး အံသြစရာကောင်းတာ က ကျောက်စာ တစ်ချပ်ကို စေတီတစ် ဆူ၊ တစ်ဆူပေါက်ထားပြီး အပေါ်က ထီးတော်ကဲ့သို့ မိုးထားတာပါ။ သူတို့ကတော့ ကျောက်ပြား ချပ်တွေမှာပဲ ထိုင်းအက္ခရာနဲ့ ထိုးထားပြီး ဒီတိုင်းအဆောက်အဦးအောက်မှာ ထိမ်းသိမ်းထားပါ တယ်။ ဒီဥယျာဉ်ကြိးထဲမှာ ရှဥ့်၊ ဖွတ်၊ နှင့် နာမည်မသိတဲ့ ငှက်ကြီးများကဲ့သို့သော တိရစ္ဆာန်သောတိရစ္ဆာန်များဟာ လူများကို ကြောက်ရွံ့ ထိတ်လန့်စရာမလိုပဲ။ ကျင်လည်ကျက်နိုင်ကြပါတယ်။

စာကြည့်တိုက် ဆောက်လုပ်မည့် အစီစဉ်

စာကြည့်တိုက် ဆောက်လုပ်မည့် အစီစဉ်

အနံ         ၁၅ ပေ
အလျား   ၂၅ ပေ

ဖွဲ့စည်းပုံ
ဘုရားခန်း၊ စာဖတ်ခန်း၊ စာအုပ်ခန်း၊ အိမ်သာ၊ 
(ဖြစ်နိုင်ရင် ကလေးကစား ကွင်းတောင်လုပ်ချင်တာ မြေမ၇ှိသေးလို့)


ခန့်မှန်းကုန်ကျငွေ
သိန်းသုံးဆယ်ခန့်(ကိုယ်ပိုင်ငွေများမှ ကိုးသိန်း ပို့လှူပြီး)

လက်ရှိသီးခြား အလှူရှင်းများ.
ဘုရားခန်းအလှူရှင်၊ အိမ်သာ အလှူရှင်၊
 မီးကြိုး မီးချောင်း အလှူရှင်
အမိုးအလှူရှင် များပေါ်ပေါက်ပြီးဖြစ်ပါတယ်။(ဘန်ကောက်မှ အလှူရှင်းများ)

(ကိုဇော်နိုင်တို့ မိတ်ဆွေတစ်စုမှ မီးစက်လှူမည်ဟု စာဖြင့် လှူဒါန်းထားပါသေးသည်)
အလင်းအိမ်(စေတနာပန်းခင်း)

စာကြည့်တိုက်နှင့် ပါတ်သက်၍

စေတနာပန်းခင်း စာကြည့်တိုက် မှတ်တမ်းမှတ်ရာများ

စတင်တည်ထောင်သောခုနှစ်.................၁၃၇၁-ခု၊ ၀ါဆိုလ(Jul,2009)
စာကြည့်တိုက်တည်နေရာ....................ဧရာဝတီတိုင်း၊ လေမျက်နှာမြို့နယ်၊ ခမောက်စုရွာ
လက်ရှိတည်နေရာ...........................   .ခမောက်စုရွာရှိ၊ ရဟန်းအစ်မ ဒေါ်သိန်းနေအိမ်
လိပ်စာသစ် ................................... ရဟန်းအစ်မကြီး ဒေါ်သိန်းလှူဒါန်းအပ်သော ခြံတစ်ခြမ်းအား ယခု အဆောက်အဦးစတင် အကောင်ထည်ဖော်လျှက်ရှိ။

စာကြည့်တိုက် အကျိုးဆောင်.............၈-ဦး(လက်ရှိအချိန်ထိ)

စာကြည့်တိုက် ဖွဲ့စည်းပုံ

၁။  အုပ်ချုပ်သူ
၂။ စာကြည့်တိုက်မှူး၊ 
၃။ အကျိုးဆောင်များ၊ 
၎။ စာဖတ်သူ အသင်းဝင်များ၊ 
၅။ စာကြည့်တိုက် အသင်းဝင်ကဒ်။

စာကြည့်တိုက် အသင်းဝင်ကြေး

၁။ ကျာင်းသား တစ်နှစ်လျှင် ငါးရာ။
၂။ ဆရာ၊ ဆရာမ တစ်နှစ်လျှင် တစ်ထောင်ကျပ်။
၃။ အပြင်လူ တစ်ထောင့်ငါးရာကျပ်
    (အလကားဆိုလျှင် မလေးစားမည်ဆိုး၍ တန်ဘိုးထားရုံလောက်သာ)

စာကြည့်တိုက် ရန်ပုံငွေ 
လက်ရှိအချိန်ထိ အလင်းအိမ်၏ ကိုယ်ပိုင် လာဘ်လာဘလေးများ။

လက်ရှိ စာကြည့်တိုက် အသင်းဝင် ဦးရေ
၇၀ ဦး ကျော်ခန့်၊ (နောက်မည်မျှတိုးသည်ကို မသိနိုင်ပါ)

စတင်စဉ်က စာအုပ်အရေးအတွက်
တစ်၇ာကျော်မျှသာ၊(ယခု ငါးရာကျော်)

လက်ရှိအခြေနေ
မိမိအတွက်သီးသန့်ရရှိသော အလှူငွေများမှ ကိုးသိန်းပို့လှူ၍ စီစဉ်လျှက်ရှိ (စာကြည့်တိုက်အတွက် သီးသန့် လှူတာ မပါသေးဟု ဆိုလိုပါသည်။)

(သိလိုသော အချက်များအား မေးမြန်းနိုင်ပါသည်)

အလင်းအိမ်(စေတနာပန်းခင်း၊ 26.8.2011)

စေတနာပန်းခင်း ဖောင်ဒေးရှင်း


၁.“ပိုဆံမရှိလို့၊ ကောင်းကောင်းမစားရတာ၊ ပိုက်ဆံမရှိလို့ ကောင်းကောင်းမ၀တ်ရတာ၊ ဘာဖြစ်လဲ၊ အဲဒါကို ခံစားလို့ရတယ်၊ အစားအစာလည်း အာဟာရဖြစ်ဘို့ပဲ၊ အ၀တ်အစားဟာ အရှက်လုံဘို့ပဲ၊ ဒါပေမယ့် ပိုက်ဆံမရှိလို့၊ မသေသင့်ပဲသေ ရတာ၊(သေနေ့စေ့လို့တော့ မပြောနဲ့နော်) ပိုက်ဆံမရှိလို့ ရောဂါတွေ မခံစားသင့်ပဲ ခံစားနေရတာ အဲဒါတွေကိုတော့ ဘယ်လိုမှ မခံစားနိုင်ဘူး၊အဲလို ဘ၀မျိုးဟာ ကိုယ်ရော မဖြစ်နိုင်ဘူးလား၊ ပြိးတော့ ကိုယ့် ဆွေတွေရော မဖြစ်နိုင်ဘူးလား၊

၂. နောက်ပြီးပိုက်ဆံမရှိလို့ ဒေါက်တာ မဖြစ်တာ ဘာဖြစ်လည်း၊ ကိုယ် မဖြစ်လည်း သူများဖြစ်မှာပေါ့၊ ပိုက်ဆံမရှိလို့ စာလေးတောင် မဖတ်တတ်တာ၊ ဟိုစာချုပ်ဒီစာချုပ်တွေမှာ ကြက်ခြေလေးပဲ ခတ်နိုင်တာ၊ အဲဒိလို မျိုးဆက်တွေ ဦးဇင်းတို့လက်ထက်မှာ အဖြစ်မခံနိုင်တော့ဘူး၊ အဲလိုဘ၀မျိုးရော၊ ဦးဇင်းတို့ကိုယ်တိုင် မဖြစ်နိုင်ဘူးလား၊ ဦးဇင်းတို့ ဆွေမျိုးတွေရော မဖြစ်နိုင်ဘူးလား၊

၃. ခွေးကိုက်လို့မှ ကာကွယ်ဆေးထိုးရမှန်းမသိ၊ ဖုတ်သိပ်ရင်ပျောက်ပါတယ်ဆိုတဲ့ အသိညဏ်ရှိတဲ့ မျိုးဆက်မျိုး ဥိးဇင်တို့ ခေတ်မှာ အဖြစ်မခံနိုင်တော့ဘူး။ အဲဒါ ကိုယ်ရော မဖြစ်နိုင်ဘူးလား ကိုယ့်အမေ၊ အမေတွေရော မဖြစ်နိုဘူးလား၊
၎. တစ်ချို့ အမေအရွယ်၊ ဒကာမကြိးတွေ၊ ဒကာကြိးတွေ တရားစခန်းလေး ၀င်ချင်တယ်၊ တရားလေးနာချင်တယ်၊ ဒါပေမယ့် ဈေးတောင်းခေါင်းပေါ်ရွက်ပြီး ထမင်းရှာစားနေရတယ်၊ အဲလို ကွက်လပ်တွေ အတွက် ကိုယ်ဘာလုပ်ပေးနိုင်မလဲ..

စတဲ့...စတဲ့..စတဲ့...လိုအပ်ချက်တွေအတွက် ဦးဇင်းတို့ ဘာလုပ်ပေးနိုင်မလဲ၊ အဲ့ဒီအတွက် " စေတနာပန်းခင်း ဖောင်ဒေးရှင်း " ကို စတင်အကောင်အထည်ဖော်ပါမည်..။

အလင်းအိမ်(စေတနာပန်းခင်း)

အမေဆိုတာ


မိုးလေးက တစ်ဖျောက်ဖျောက်နဲ့ အခန်းထဲမှာ တစ်ပါးတည်းရှိနေတုံးလေး၊ အမှတ်တမဲ့ တွံတွေးသိန်းတန် ရဲ့ ကျေးလက်သီချင်းလေး ကြားလိုက်ရတော့ အမေ့ကို သတိယလိုက်တာ၊ ဟိုး...လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကဆို၊ ဒီလို အေးချမ်းတဲ့ မိုးတဖွဲဖွဲကျတဲ့ ညတွေမှာ၊ မောင်နှမသေုံးယောက် မိုးပေါက် မကျတဲ့ ခေါင်းရင်းဘက်ကို တိုး၊ ဖျားကို အပေါ်ကို ပြန်လိပ်တင်ပြီး ဖျာလိပ်ထဲမှာ ဆက်အိပ်ကြတာပါ ပဲ၊ ဓနိမိုးထားတဲ့ အမေ့အိမ်လေးမှာ ဒီလိုမိုးတွေ တစ်ဖွဲဖွဲရွာပြီဆိုရင် ဟိုနေရာက မိုးယို၊ ဒီနေရာက မိုးယိုနဲ့ မိုးပေါက်တွေကျလာပြီဆို၇င် အမေ့မှာ အသင့်ကောက်ပြီး စုဆောင်းထားတဲ့ ၀ါးဘတ်လေးတွေနဲ့ လိုက်ပြီး ဖာရ၊ ထေးရရှာတယ်လေ၊ အမေအဲလို တစ်ညလုံး အမိုးလေးတွေ ဖားထေးနေတဲ့အချိန်မှာ စာရေးသူ တို့ မောင်နှမ သုံးယောက်ကတော့ ခေါင်းရင်းနားလေးမှာ ဖျာလေးအပေါ်ကို ပြန်လိပ်တင်ပြီး၊ ဆက်အိပ်ကြ တာ၊ အမေ့ရဲ့ တစ်ညလုံးမအိပ်ရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းလည်း စာနာတတ်ဘို့ နားမလည်ခဲ့ကြဘူးလေ။

ငါ မဟုတ်သော ငါ...


ငါ့ သဒ္ဓါကို ငါယုံတယ်၊ ငါ့ လိပ်ပြာ ငါသန့်တယ်၊
ငါ့ စိတ်ဓါတ်ကို ငါမြတ်နိုးတယ် ငါ....ငါ....ငါ...
ငါ မဟုတ်သော ငါ...။

တစ်ခါတစ်ရံ လောကအလယ်မှာ နိန္န၊ ကဲ့ရဲ့ခြင်း။ ပသန္န၊ ချီးမွမ်းခြင်း ဆိုတဲ့ လောကဓံတွေနဲ့ ကြုံလာ တိုင်း ရေးဖြစ်ခဲ့တဲ့ စာလေးပါ။ ဟုတ်ပါတယ်။ တစ်ခါတစ်လေကျတော့ လူတွေရဲ့ ပါတ်ဝန်းကျင်အလယ်မှာ “ငါ” မဟုတ်သော “ငါ” တွေကို မကြာခဏဆိုသလို ရှာတွေ့နေရပါတယ်။ ဟိုလူက တစ်မျိုးထင်၊ ဒီလူက တစ်မျိုးထင်နဲ့ အဲဒိအထင်တွေတိုင်းသာ “ငါ” ဖြစ်နေမယ်ဆိုရင် လောကမှာ “ငါ”တွေကုန်မှာ မဟုတ်တော့ ပါဘူး။ စာရေးသူ အနေနဲ့တော့ အဲဒိ “ငါ” ပေါင်များစွာရဲ့ နှိပ်စက်ခြင်းဒါဏ်တွေကို သိပ်မခံစားရတော့ပါဘူး။ ဘာလို့လဲဆိုတော့ ခန္ဓာသိနဲ့ မဟုတ်သေးပေမယ့် ဥာဏ်သိအနေနဲ့ စာရေးသူ “ငါ” ကိုရှာမရတော့ တာတော်တော်လေးကို ကြာခဲ့ ပါပြီ။ ကိုယ့်ကိုယ်ကိုတောင် “ငါ”ဆိုတာ ရှာမရတော့တဲ့သူအတွက် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေက နှိပ်စက်အပ်တဲ့ “ငါ” ဆိုတာတော့ စာရေးသူအတွက် သိပ်ပြဿနာ မရှိတော့ ပါဘူး။ စာရေးသူ မကြာခဏ စိတ်ငြိမ်မှုလေး တစ်ခုရတဲ့အခါတိုင်း စဉ်းစားမိတယ်၊ “ဘယ်ဟာ ငါလဲ” ဦးခေါင်းကို ငါလို့ခေါ်တာလား၊ ၀မ်းဗိုက်ကို ငါလို့ခေါ်တာ လား၊ ဒါမှမဟုတ်၊ ခြေတွေ၊ လက်တွေလား၊ အူတွေ၊ အသည်းတွေ၊ နှလုံးတွေကရော၊ ငါထဲကို မပါဘူးလား၊ ဘယ်ဟာက ငါလဲ။ ခန္ဓာကိုယ် အစိပ်အပိုင်းတွေ အားလုံးစုံမှ “ငါ” လို့ခေါ်တယ်ဆိုရင် ကျန်းမာရေး မကောင်းလို့ နှလုံးခွဲစိတ်ထားတဲ့ သူအတွက်ကရော ဘယ်ဟာ “ငါ”လဲ။ ဆက်လက်ပြီး အသက်ရှင်သန်ဘို့အတွက် ထုတ်ပစ် လိုက်ရတဲ့ နှလုံးကရော “ငါ” မဟုတ်တော့ဘူးလား။

လူနှင့် ၀ိပဿနာ


ဝိပဿနာဆိုတာ လူတိုင်းနဲ့ လက်လှမ်းမှီတဲ့အရာပါ၊ လူမျိုးမရွေး ဘာသာမရွေး၊ ၀ိပဿနာရဲ့ အကျိုးကို ခံစားနိုင်ပါတယ်၊ တစ်ကယ်တော့ရှင်းရှင်းလေးပါ၊ လူတွေက ရှင်းတာကို မကြိုက်  ကြဘူးလေ၊ အရှုပ်ထဲမှာပဲ ပျော်ကြတာမို့လား၊ အဲဒိတော့ ၀ိပဿနာကို လက်လှမ်းမမှီဘူး ထင်ကြပြီပေါ့၊ ၀ိ...ဆိုတာ သေသေချာချာ၊ ပဿနဆိုတာ ကြည့်တာပါ၊ ဘာကိုကြည့်ရမလဲ ဆိုတော့ ကိုယ့်ရုပ်၊ ကိုယ့်နာမ်ကိုပဲ ကြည့်ရမှာ ပါ၊ ရုပ်နာမ်တွေရဲ့ သဘာဝကို သသာဝ အတိုင်းလေး မြင်အောင်ကြည့်တာကိုပဲ ၀ိပဿနာရှုတယ်လို့ ခေါ်တာပါ၊ ၀ိပဿနာ က လောကုတ္တရာ တင်မကပါဘူး၊ လောကီအတွက်လည်း အကျိုးပြုတာပါပဲ၊ ကိုယ့်ကိုယ်ကို မြင်ရင် လောကကို လည်း မြင်ပါပြီ၊ ကိုယ်လည်း ဒီရုပ်၊ဒီနာမ် ၊ သူများလည်း ဒီရုပ်၊ ဒီနာမ်ပါပဲ၊ ကိုယ်ချင်းစားစိတ်တွေ လည်း တိုးပွါးလာတာပေါ့၊ ဆိုချင်တာတော့ ၀ိပဿနာဟာ လောကီ အတွက်ရော၊ လောကုတ္တရာ အတွက်ရော အကျိုးရှိပြီးတော့ လူတိုင်းနဲ့ လက်လှမ်းမှီပါတယ်လို့ ....။

အလင်းအိမ်(စေတနာပန်းခင်း)

စေတနာပန်းခင်း ပထမအကြိမ် စုပေါင်း ရှင်ပြုပွဲ နိုင်ငံတကာမှ အလှူရှင်များ

စေတနာပန်းခင်း ပထမအကြိမ် စုပေါင်းရှင်ပြုပွဲ အလှူရှင်များ

၁၊ ကိုဝမ်ချိုင်+မခင်မိုးဝင်း၊ မောင်-ကိုစိုးမင်းနောင် မိသားစု ဘတ်ငွေ=တစ်သောင်း ခုနှစ်ထောင်

၂။ မသန်းသန်းဌေး၊မအေးအေးသန်း (ပန်းကမ္ဘာ အထည်ဆိုင် ယုဇနပလာဇာ) မြန်မာငွေ=ငါးသိန်း

၃။ မစိုးစိုးလှိုင် (ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်

၎။ မယဉ်ယဉ်အောင်(ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်

၅။ မဘက်တီ (ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်

၆။ ဒေါ်စကွန်ရိုင်း(ဘန်ကောက်) ဘတ်ငွေ=တစ်ထောင်

၇။ ဒေါ်သန်းသန်းစိုး (ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်

၈။ ဒေါ်မေ၀င်း၊ ဒေါ်မဌေး(ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်

၉။ မချိုမီလာအောင်(Vega travel, Thailand) ဘတ်ငွေ =တစ်ထောင်

၁၀။မမိုးပြာ(ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်

၁၁။မဂျူးဂျူး(ဘန်ကောက်) ဘတ်ငွေ=တစ်ထောင်

၁၂။ မယဉ်ယဉ်ဝင်း(ကြည့်မြင်တိုင်) မြန်မာငွေ=တစ်သိန်း

စုစုပေါင်း မြန်မာငွေတန်ဘိုး တစ်ဆယ့်ငါးသိန်း ကျော်ခန့်၊ နတ်၊လူသာဓုခေါ်စေသော်။

အရှင်တေဇာနန္ဒ(စေတနာပန်းခင်း)

စုပေါင်းရှင်ပြုပွဲ


 စုပေါင်းရှင်ပြုပွဲ (စေတနာပန်းခင်း)
>> Wednesday, March 30, 2011 –  သာသနာပြုအလှူ

တတိယသင်္ဂါနာတင် မင်းကြီးဖြစ်တဲ့ ဘုရင် အသောကဟာ တစ်နေ့မှာ ရဟန္တာမထေရ် အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ကို မေးလျှောက်ပါတယ်။ “အရှင်ဘုရား၊ မြတ်စွာဘုရားလက်ထက် ကနေစလို့ ဒီနေ့ခေတ်တိုင်အောင် သာသနာမှာ တပည့်တော်လောက် လှူဒါန်းတဲ့သူ ရှိပါသလား” ဆိုတော့ မထေရ်မြတ်က “ဒကာတော်မင်းကြီး ၊ မြတ်စွာဘုရား လက်ထက်ကနေ ယနေ့တိုင်အောင် ဒကာတော်မင်းကြီး လောက်လှူဒါန်းနိုင်တဲ့ သူမရှိပါဘူး” လို့ ချီးမြှောက်တော်မူပါတယ်။ အဲဒိလောက်ချီးမြှောက်နိုင်လောက်အောင် သူလှူထားတာတွေကို ကြည့်လိုက်မယ် ဆိုရင် လည်း ရေတွင်းပေါင်း   ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ်သောင်းလေးထောင်၊ ကျောင်းပေါင်း ရှစ် သောင်းလေးထောင် စသည်အားဖြင့် လှူဒါန်းလိုက်တာ မဇ္ဈိမဒေမှာ သူ့ကုသိုလ်ကောင်းမှုတွေဟာ လက်ငြိုးထိုး မလွဲလောက်အောင် ရှိလှပါတယ်။ ရှစ်သောင်းလေးထောင် ဆိုတာကတော့ မြတ်ဗုဒ္ဓရဲ့ ဓမ္မက္ခန္ဓာေ ပါင်း ရှစ်သောင်းလေးထောင်ရှိတာကို ပူဇော်သောအားဖြင့် လှူဒါန်းတာဖြစ်ပါတယ်။

ပျော်ရွှင်ရသော နေ့တစ်နေ့




“ဘုန်းဘုန်း၊ သားတို့ ရှင်ပြုရင် မြင်းကြီးတွေစီးရမှာနော်”

“အေးပေါ့၊ စီးရမှာပေါ့ သားတို့ရဲ့”

“ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေရော ရိုက်မှာနော်”

“ရိုက်ပေးမယ်။ စိတ်ချ၊ သားတို့သာ စာကြိုးစား၊
နောင်နှစ်သားတို့ ရှင်ပြုရင် မြင်းကြီးတွေလည်း စီးရမယ်၊
ဓါတ်ပုံတွေ ဗွီဒီယိုတွေလည်း အများကြီးရိုက်ပေးမယ်”

“ဟေး၊ ဒါမှ ဒို့ ဘုန်းဘုန်းကွ”
ပြည်ပမထွက်မှီ စာရေးသူရဲ့ကလေးတွေကို နောင်နှစ်ကျရင် သားတို့ကို ရှင်ပြုပေးမယ်လို့ပြောတဲ့နေ့က အဖြစ်အ ပျက်လေးပါ။ ပြန်ကြားယောင်မိတိုင်း ကြည်နှုးရတဲ့ အသံလေးတွေဟာ တစ်ကယ်ရှင်ပြုပွဲ အကောင်အထည်ဖော် တဲ့ အခါမှာတော့ စာရေးသူ စိတ်မကောင်းတွေ အကြိမ်ကြိမ်ဖြစ်မိပါတယ်။ ခုခေတ်ကုန်ဈေးနှုံးနဲ့ ရှင်လောင်းဆယ့်လေးငါးပါးစာအတွက် မြင်းငှားဘို့၊ ဗွီဒီယိုရိုက်ပေးဘို့ဆိုတာ ဘယ်လိုမှ မဖြစ် နိုင်ဘူး ဆိုတာ တွေးမိတိုင်း စာရေးသူဘယ်လိုမှ မပျော်နိုင်တော့ပါဘူး။ စာရေးသူပြည်ပရောက်မှ ရလာတဲ့ လာဘ်လာဘလေးတွေကို စုဆောင်းပြီး ကလေးတွေအတွက်ရည်ရွယ်ပြီးဝယ်ထားတဲ့ ဓါတ်ပုံကင်မရာလေး က တော့ရှိနေပါပြီ။ သို့သော်လည်း သူတို့ရဲ့ အဓိကရည်မှန်းချက်က ရှင်ပြုပွဲမှာ မြင်းကြီးစီးပြီး“တွေ့လား၊ ငါတို့ လည်း မင်းတို့ရှင်ပြုသလိုပဲ၊ မြင်းကြီးစီးရတယ်။ အဲဒါ ငါတို့ ဘုန်းဘုန်းလုပ်ပေးတာကွ”လို့ အပေါင်းအသင်းတွေ ကို သူတို့ကြွားချင်ရှာမှာပါ။

စေတနာပန်းခင်း စာကြည့်တိုက်


“ဟာ...ဒကာမကြီးကလည်း စာကြည့်တိုက်ဆိုတာ...စာအုပ်ရယ်၊
စာဖတ်တဲ့ သူရယ်ရှိရင်
စာကြည့်တိုက်ဖြစ်ပါပြီ၊ အဆောက်အဦး မလိုပါဘူးဗျာ။”

စေတနာပန်းခင်း စာကြည့်တိုက် စဖွင့်မယ်လုပ်တော့ ဒကာမကြီးတစ်ယောက်က “ဦးဇင်းက စာကြည့်တိုက် လုပ်မယ် ဆိုတော့ အဆောက်အဦးရှိလို့လား” ဆိုတဲ့ မေးခွန်းလေးကို စာရေးသူက ဒီတိုင်းလေးပဲ ပြန်ဖြေခဲ့ ပါတယ်။ သူ့သဘောကတော့ စာကြည့်တိုက်လုပ်မယ်ဆိုရင် အဆောက်အဦးရှိမှ ဖြစ်မယ်ဆိုတဲ့ သဘောပါ။ အဆောက်အဦးဆိုတာ မလိုအပ်ဘူးတော့ မဟုတ်ပါဘူး။ အဓိကနေရာကကို လိုအပ်ပါတယ်။ ဒါပေမယ့် အဆောက်အဦးရှိမှ စာကြည့်တိုက် လုပ်မယ်ဆိုရင်လည်း သာမာန်စာသင်သား ရဟန်းတစ်ပါးအတွက် စာကြည့်တိုက်ဆိုတာ “ဘယ်ဆီမျှော်မှန်း တမ်းတရမလဲ” ဆိုသလိုဖြစ်နေပါလိမ့်မယ်။ စာရေးသူက ငယ်ငယ် ကတည်းက စာဖတ်တာ အလွန်ဝါသနာထုံသလို၊ “ငါအရွယ်ရောက်ရင် စာကြည့်တိုက်လုပ်မယ်”ဆိုတဲ့ အတွေးက ဘယ်အရွယ်ကတည်းက အသွေးထဲ၊ အသားထဲမှာစွဲနေမှန်းမသိပါဘူး။ စာကြည့်တိုက်

ဒီလမ်း....



ဒီလမ်း....
******

မုန်တိုင်းတွေ ခင်းထားတဲ့ လမ်း ၊ မကြမ်းပဲ ရှိပါ့မလား...

မိုင်ထောင်ချီဝေးတဲ့ လမ်း မပန်းပဲ ရှိပါ့မလား...

လောက၊ သာသနာ အတွက် လျှောက်တဲ့ လမ်း...

ပန်းချင် ပန်း၊ နွမ်းချင်နွမ်း....။

သံသရာ ခရီးကြမ်းထက်တော့

မရှည်ကြာနိုင်တဲ့ ဒီလမ်းထဲ...

ယုံကြည်ရာ လက်တွဲ၊ ရဲရဲပေါ့ကွယ်...


ယုံကြည်ရာ လက်ကမ်း၊ လှမ်းလိုက်စမ်းကွယ်...။

ရွှေဘုန်း (27.7.2012)

၁ နှစ်တာအတွင်း စာဖတ်အများဆုံး အသင်းဝင်(၂)ဦးအား ဆုချီးမြှင့်မှု မှတ်တမ်း(ကြေငြာချက်)

ဧရာဝတီတိုင်း၊ လေးမျက်နှာမြိနယ်၊ ခမောက်စုကျေးရွာရှိ စေတနာပန်းခင်းစာကြည့်တိုက် တွင် ၁ နှစ်တာ အတွင်း စာဖတ်အများဆုံး အသင်းဝင် (၃) ယောက်အနက် မသက်သက်ထွေး နှင့် မောင်ဖိုးသင်္ကြန်တို့အား ၁ နှစ်တာအတွင်း စာဖတ်အများဆုံးဆုလက်ဆောင်အဖြစ် ကြိုက်နှစ်သက်ရာ စာအုပ် (၁) အုပ်စီ အား ဆုချီးမြှင့်ခဲ့ပါသည်။
 
 
 
မောင်ဖိုးသင်္ကြန်
ကာတွန်း သျှောင်ပေစူး ပုံဖော်သည့် လေဘီလူးတဲ့လား စာအုပ်နှင့် ဆုငွေ ၂ဝဝဝိ/- ကျပ်
ဆုချီးမြှင့်မှု ဓါတ်ပုံမှတ်တမ်း

မသက်သက်ထွေး
 ဆရာ နန္ဒသိန်းဇံ ရေးသားသည့် ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင်ခရီးစဉ် စာအုပ်အား
ဆုချီးမြှင့်မှု ဓါတ်ပုံမှတ်တမ်း
 
စေတနာပန်းခင်း ဖောင်ဒေးရှင်း
(လောက၊ သာသနာပြု မိသားစု) 

“စေတနာပန်းခင်း စာကြည့်တိုက်” အုတ်မြစ်ချ အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ


အလှူမင်္ဂလာနေ့ရက်       ၁၃၇၂-ခု၊ တန်ဆောင်မုန်းလဆန်း (၉)ရက် သောကြာနေ့ (၄.၁၁.၂၀၁၁)
 အလှူမင်္ဂလာ အချိန်       တန်ဆောင်မုန်းလဆန်း (၉)ရက်နေ့(၄.၁၁.၂၀၁၁) နံနက် အရုဏ်ဆွမ်းနှင့် 
                                      ဧည့်ပရိတ်သတ်အား ဧည့်ခံကျွေးမွေးခြင်း၊ ရေစက်ချ အလှူတော်။ ၄.၁၁.၂၀၁၁
                                     ညနေပိုင်း၌ မြေသန့် ကမ္မ၀ါ နှင့် ပရိတ်တရားတော်များအား သံဃာတော်များမှ  
                                     ရွတ်ဖတ်ချီးမြင့်ခြင်း။

 ပင့်သံဃာ                    (၁၅)ပါး။
 အလှူမင်္ဂလာ နေရာ    ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စု ကျေးရွာ၊
                                    ညောင်ပင်ပိုင်းရပ်၊ ဒေါ်သိန်း၊ သမီး  မသန္တာဦးတို့၏ နေအိမ်။


 “ဖိတ်ကြားအပ်ပါသည်”

သို့ဖြစ်ပါသောကြောင့် စေတနာပန်ခင်း စာကြည့်တိုက်တည်ရှိရာ ဒေါ်သိန်း၊ သမီး မသန္တာဦး ၏နအိမ်သို့
အတူတကွ ရေစက်ချတရားတော်နာကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

ယုံကြည်ချက်

စေတနာနဲ့ သဒ္ဓါတရားသာ ပြည့်ဝဘို့ ကိုယ့်ဘက်က
တာဝန်ယူလိုက်ပါ။ ကျန်တာကို သူတော်ကောင်းတရားက
ဆက်လက် ထမ်းဆောင်သွားပါလိမ့်မယ်။
(စေတနာပန်းခင်း)

အထူးအစီစဉ်
စေတနာပန်းခင်း စာကြည့်တိုက်၌ တစ်နှစ်တာ စာအဖတ်အများဆုံးအသင်းဝင် သုံးယောက် အား စာအုပ်
အမှတ်တရနှင့် ဆုငွေများ ပေးအပ်သွားပါမည်။

စတနာပန်းခင်း ဖောင်ဒေးရှင်း
(လောက၊ သာသနာ အကျိုးပြု မိသားစု)

စုပေါင်း ရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာ အစီအစဉ်(ပထမအကြိမ်)

အလှူတော်မင်္ဂလာ နှင့်ပါတ်သက်၍

အလှူနေ့ရက်

  • အလှူအစနေ့.....၂၉.၄.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၂ ရက်၊ သောကြာနေ့)
  • အလှူကြီး.........၃၀.၄.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၃ ရက်၊ စနေနေ့)
  • ရှင်မည်ခံ..........၁.၅.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၄ ရက်၊ တနင်္ဂနွေနေ့)
  • အလှူတော်နေရာ...ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာ၊ အလှူတော်မင်္ဂလာမဏ္ဍာပ်။ (ဖုန်း-၀၉-၄၉၇၁၇၂၉၄)
အလှူတော်မင်္ဂလာ အစီအစဉ်

တန်ခူးလ္ဆုပ် ၁၂ ရက်နေ့ ၊အလှူအစနေ့ ညနေ ၅-နာရီ၌ အလှူရှင်များ၊ ရှင်လောင်းများ၊ ရဟန်းလောင်းများ၊ မိသားစုများ စုပေါင်း၍ ပရိတ်တရားတော်နာကြား၍ အလှူမင်္ဂလာ စတင်ဖွင့်လှစ်ပါမည်။

တန်ခူးလ္ဆုပ် ၁၃ ရက်နေ့၊ နံနက် ၇-နာရီ သိမ်တက်၊ ရဟန်းခံ၊ သိက္ခာထပ်အလှူတော်မင်္ဂလာ ခမောက်စုရွာ၊ ရွာလည်ကျောင်းတိုက်၌ ကျင်းပပါမည်၊

တန်ခူးလ္ဆုပ် ၁၃ ရက်နေ့ နံနက် ရှစ်နာရီမှ စ၍ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြကုန်သော ဧည့်ပရိတ်သတ် အပေါင်းတို့အား ဟင်းချို၊ ငံပြာရည်ကျော်၊ ပဲပင်ပေါက်၊ ငံပိရည်တို့ဖြင့် ဧည့်ခံကြွေးမွေးပါမည်၊ (ဧည့်ပရိသတ် တစ်ထောင် ကျော်ခန့်ကို ကြွေးမွေးလှူဒါန်းပါမည်)

နံနက် ဆယ်နာရီခွဲ၌ ပင့်သံဃာတော် အပါး(၂၀)အား၊ နေ့ဆွမ်းများဖြင့် ဆက်ကပ်လှူဒါန်းပါမည်။ နေ့လည် ၁၂ နာရီ၌ ရှင်အပါး ၂၈ပါး၊ ရဟန်းလောင်း ၄ပါးတို့အား မြင်းကှိုယ်စီဖြင့် ရှင်လောင်းလှည့်ပါမည်၊
ညနေ ၃ နာရီ၌ ဆံချပရိတ်တရားတော်နာ၍ လှူဒါန်းဘွယ် အစုစုတို့အား လှူဒါန်းကာ စုပေါင်း၍ ရေစက် သွန်းချ အမျှအတန်းပေးဝေပါမည်၊ (နတ်လူသာဓု ခေါ်စေသော်)ထို့နောက် ရှင်လောင်းများ အား ဆံချ၍၊ သရဏဂုံသုံးပါး ဆောက်တည်စေကာ သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြင်ပါမည်။

တန်ခူးလ္ဆုပ် ၁၄ ရက်နေ့၌ ရှင်မည်ခံအလှူပွဲကျင်းပ၍ စေတနာပန်းခင်း ပထမအကြိမ် စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲအား အောင်မြင်စွာ သိမ်းဆည်းပါမည်။
(တန်ခူးလစ္ဆုပ် ၁၃ ရက်နေ့၌ တစ်နေကုန် လာသမျှဧည့် ပရိသတ်များအား ဧည့်ခံကြွေးမွေးပါမည်)

စေတနာပန်းခင်း ဖောင်ဒေးရှင်း
(လောက၊ သာသနာအကျိုးပြု မိသားစု) 

ကျေးလက်အလှတရား။

စေတနာပန်းခင်း ယဉ်ကျေးမှု ၁ ၊(မဟာသာ)

လွန်ခဲ့သော သုံးနှစ်တာကာလ၊ အမေ့အိမ်လေးရဲ့ အနောက်ဘက်၊ ချောင်း ရေစပ် လေးနားက ရေမကျည်း ပင်ရိပ်မှာ ဖျာစုတ် လေးတစ်ခုနဲ့ ရေမကျည်း ပင်ရွက် ကလေးတွေ ဖြန့်ခင်းလို့ ပက်ကြားအက်နေတဲ့ သာယာတဲ့ ကမ်းနဖူး လေးဟာ စာရေးသူရဲ့ “စေတနာပန်းခင်း” စတင်ခဲ့ရာ သင်တန်းကျောင်း လေးပဲ ဖြစ် ပါတယ်။ သင်တန်းသားတွေ ကတော့ နှပ်ချေးပေးထူကလေး ခြောက်ယောက်နဲ့ သူ့သားလုပ်သမျှကို အမြဲတမ်း ပရိတ်သတ်အဖြစ် အားပေး မြဲဖြစ်တဲ့ အမေ ပဲပေါ့။ ဒီ ကလေးတွေတောင် သူ့သားက ၀ါသနာ ပါလွန်းလို့ အမေကိုယ်တိုင် လိုက်စုပေးထားတဲ့ “ပဲနှုတ်ပြန်” ကလေးတွေပါ။ အဲဒိကလေးတွေ ရေသောက်ဘို့ လည်း အမေကပဲ ရေတုံကင်က ခပ်ပေးရပါတယ်။ သကြားလုံး လေးတွေနဲ့ မှတ်ထားမိသမျှ ပုံပြင်လေးတွေ ကတော့ စာရေးသူရဲ့ အကောင်းဆုံးကလေး ချော့တေး တွေပဲပေါ့။ စာရေးသူတို့ရွာလေးဟာ ချောင်းလေး တစ်ခုကို တစ်ဖက်တစ်ချက်စီ ကနေ အိမ်တန်း နှစ်တန်းစီ ခွဆောက်ပြီး ရွာ တည်ထားတဲ့ သာယာတဲ့ ရွာလေးတစ်ရွာပါ။

စေတနာပန်းခင်း ဖောင်ဒေးရှင်း ဖွဲ့စည်းပုံ

စေတနာပန်းခင်း ဖောင်ဒေးရှင်း၏ လောက၊ သာသနာ အကျိုးပြုလုပ်ငန်းဆောင်ရွက် ရန်အတွက်  
အောက်ဖော်ပြပါအတိုင်း နိုင်ငံရပ်ခြားရှိ စေတနာပန်းခင်း မိသားစုဝင်များနှင့် မြန်မာပြည်တွင်းရှိ အနယ်နယ် အရပ်ရပ်မှ စေတနာပန်းခင်း မိသားစုဝင်များကို ဖွဲ့စည်း ထားရှိပါသည် -

စေတနာပန်းခင်း ဖောင်ဒေးရှင်း ဖွဲ့စည်းပုံ
စဉ် အမည် သတ်မှတ်တာဝန်
  ဆရာတော် အရှင်တေဇာနန္ဒ (ခေတ္တ- ဘန်ကောက်၊ ထိုင်း) ဥက္ကဋ္ဌ
မြန်မာပြည် အကျိုးတော်ဆောင်များ
  ဧရာဝတီတိုင်းရှိ အကျိုးတော်ဆောင်များ(ခမောက်စု)  
၁။ ဆရာမ ဒေါ်သန္တာဦး အကျိုးတော်ဆောင်
၂။ ဆရာမ ဒေါ်ဇင်မာဦး အကျိုးတော်ဆောင်
၃။ ဆရာမ ဒေါ်သက်သက်ဝင်း အကျိုးတော်ဆောင်
၎။ ဆရာမ ဒေါ်ညိုမာစိုး အကျိုးတော်ဆောင်
၅။ ဒေါ်အိသက်ခိုင် အကျိုးတော်ဆောင်
၆။ ဒေါ်အေးအေးခိုင် အကျိုးတော်ဆောင်
၇။ ဒေါ်ဇူလိုင်မိုး အကျိုးတော်ဆောင်
၈။ ဒေါ်အိစံ အကျိုးတော်ဆောင်
၉။ ဦးအေးကို အကျိုးတော်ဆောင်
  ရန်ကုန်တိုင်းဒေသကြီး၊ အကျိုးတော်ဆောင်များ (ရန်ကုန်မြို့)  
၁။ ကိုထွန်းထွန်းဝင်း အကျိုးတော်ဆောင်
၂။ ကိုဝင်းခိုင်ထွန်း အကျိုးတော်ဆောင်
၃။ ကိုမောင်မောင် အကျိုးတော်ဆောင်
၎။ ကိုဇော်နိုင် အကျိုးတော်ဆောင်
၅။ ကိုရဲဝင်းထွန်း အကျိုးတော်ဆောင်
၆။ မနှင်းနွယ်စိုး အကျိုးတော်ဆောင်
၉။ မမေသက် အကျိုးတော်ဆောင်
၁၀။ မသက်သက်ထား အကျိုးတော်ဆောင်
၁၁။ မထိုက်ထိုက်ဦး အကျိုးတော်ဆောင်
၁၂။ မပန်းအိဖြူ အကျိုးတော်ဆောင်
  ပဲခူးတိုင်းဒေသကြီး၊ အကျိုးတော်ဆောင်များ (ဥသျှစ်ပင်၊ ပဲခူးအနောက်)  
၁။ မမီမီဦးခင် အကျိုးတော်ဆောင်
  မန္တလေးတိုင်းဒေသကြီး၊ အကျိုးတော်ဆောင်များ (နေပြည်တော်)  
၁။ မဇလပ်ဖြူ အကျိုးတော်ဆောင်
နိုင်ငံရပ်ခြားရှိ အကျိုးတော်ဆောင်များ
  ထိုင်းနိုင်ငံ၊ ဘန်ကောက် အကျိုးတော်ဆောင်များ  
၁။ ကိုထက်နိုင်နိုင် အကျိုးတော်ဆောင်
၂။ ကိုသန့်ဇော်လင်း အကျိုးတော်ဆောင်
  စင်္ကာပူ အကျိုးတော်ဆောင်များ  
၁။ မစန်းစန်းအေး အကျိုးတော်ဆောင်
၂။ ကိုချစ်ဝင်း အကျိုးတော်ဆောင်
  ဒူဘိုင်း အကျိုးတော်ဆောင်များ  
၁။ မရွှေရည်ဦး အကျိုးတော်ဆောင်
  မလေးရှား အကျိုးတော်ဆောင်များ  
၁။ မချောစု အကျိုးတော်ဆောင်
  ကိုရီးယား အကျိုးတော်ဆောင်များ  
၁။ ကိုလူဇော် အကျိုးတော်ဆောင်

မှတ်ချက်။          မြန်မာနိုင်ငံတွင် အလှူငွေ ကောက်ခံရေးတာဝန်ခံများအဖြစ် မနှင်းနွယ်စိုး၊ မမေသက်၊ 
                        ကိုရဲဝင်းထွန်းနှင့် မပန်းအိဖြူတို့အား သတ်မှတ် တာဝန်ပေးအပ် ထားပါသည်။
                        နိုင်ငံအလိုက်၊ နေရာဒေသအလိုက် အကျိုးဆောင်များထံတွင်လည်း  ဆက်သွယ်လှူဒါန်း

                        နိုင်ပါသည်။


စေတနာပန်းခင်း ဖောင်ဒေးရှင်း
(လောက၊ သာသနာအကျိုးပြု မိသားစု)

စေတနာပန်းခင်း (ကဗျာ)


ချောင်းစပ်နံဘေး 
အမေ့အိမ်လေးဝယ်
မကျည်းပင်အောက် စုရုံးရောက်သည် ....

ပေတူးနှပ်ချေး
 ခြောက်(၆)ကလေးနှင့်
စေတနာပန်းခင်း အစပျိုးခြင်း ။

ခလေးထိန်းဘဝ
အမေရလည်း
မညည်းမညူ သူဖေးကူသည်

အမေ့စေတနာ ရာသီစာဖြင့်
စေတနာပန်းခင်း အောင်မြင်ခြင်း ။

ကိုယ့်မွေးရပ်ရွာ တိုးတက်ပါစေ
မှန်ကန်စေတနာ ဤမေတ္တာဖြင့်
အမေ နှင့် ကျွန်ုပ် ကြိုးကုတ်ခဲ့သည်
စေတနာပန်းခင်း ရနံ့သင်းပြီ ။

စေတနာပန်းခင်း ရနံ့သင်း၍
မွေးရပ်တစ်ခွင် ရနံ့လွင်သည်
ကိုယ့်ပြည် ကိုယ့်ရပ် ကောင်းဖို့တည်း . . . .။

ဘုန်းဘုန်း အလင်းအိမ် အတွက် တပည့်တော် ကြိုးစားပြီး ပူဇော်လိုက်ပါတယ် အရှင်ဘုရား . . . စေတနာဖြင့် . . .ကပ္ပိယ မောင်ရဲ . . ..

စေတနာပန်းခင်း ကဗျာလေးပါ။ ကျေးလက်အလှတရား (စေတနာပန်းခင်း စာစဉ်-၁) စာအုပ်မှာ ပါသည့် ကဗျာဖြစ်ပါတယ် .....။ 

ရွှေဘုန်း (အရှင်တေဇာနန္ဒ၊ စေတနာပန်းခင်း)

အတ္တဟိတသည် ပရဟိတအတွက် ငြမ်း၊ ပရဟိတသည် သံသရာ ခရီးမှာ ထောက်ရာတည်ရာ...

ဒီပို့စ်ကတော့ ရွှေဘုန်းရဲ့ ဘ၀မှာ စေတနာပန်းခင်းလေး  ပေါ်ပေါက်လာပုံ အကြောင်းအရာများကနေ စတင်ရပါလိ့မယ်...ရွှေဘုန်းရဲ့ ဘ၀ဟာ စေတနာပန်းခင်း အတွက်၊ စေတနာပန်းခင်း ကတော့ လောကနဲ့ သာသနာ အတွက်ပါ...

လွန်ခဲ့တဲ့ (၇)နှစ်လောက်က စပြီး သာသနာအတွက်၊ လောကအတွက် အလုပ်လေးတွေ နည်းနည်း စပြိးလုပ်ဖြစ်ပါတယ်၊ အစ ကနဦးတုံးကတော့ စေတနာပန်းခင်းလို့ ခေါင်းစဉ်မတပ်ခဲ့ဘူး၊ နောက်တော့ အလုပ်လေးတွေ အောင်အောင်မြင်မြင်လုပ်နိုင်ဘို့ အဖွဲ့လေး ရှိမှဖြစ်မယ်၊ အဲဒိအဖွဲ့လေးကို ဘယ်လိုနာမည်ပေးမလဲဆိုပြီး စဉ်းစားရပါတော့တယ်၊ တစ်ညလုံး စဉ်းစားတာ အဖြေမပေါ်ပါဘူး၊ ရချင်တော့လည်း ဆွမ်းခံထွက်ရင်းနဲ့ ဒီစေတနာပန်းခင်း ဆိုတဲ့ နာလည်လေးက ခေါင်းထဲမှာ လင်းခနဲဖြစ်သွားတာပါ၊ ဒီလိုလေးနဲ့ပဲ လွန်ခဲ့တဲ့ (၄) နှစ်ကစလို့ စေတနာပန်းခင်းလေး ဟာ လောကအလယ်မှာ စတင်ပွင့်ထွန်းပေါ်ပေါက်လာခဲ့ပါတော့တယ်၊  အဲဒိတုန်းကတော့ တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေး၊ ဖြည်းဖြည်းပဲ သွားမယ်ပေါ့၊  ဒါပေမယ့် ခုကျတော့ ရွှေဘုန်းရဲ့ မျှော်မှန်းချက်ပြောင်း သွားပါတယ်၊ ပရဟိတ အလုပ်လေးတွေ လောဘတစ်ကြီး လုပ်မိတယ်၊ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာပဲ အဓိကလုပ်ငန်းလေးတွေဟာ ခြောက်ခုအထိရှိသွားပါတယ်၊ ဒါကြောင့် တစ်ချို့က ပြောပါတယ်၊ လူက ငယ်တယ်၊ အလုပ်တွေက ကြီးနေတယ်၊ နိုင်ပါ့မလား၊ မနိုင်မနင်းတွေ ဖြစ်နေမယ်၊ စသည်ပေါ့၊

သာသနာ့ အလံ (ဘာသာရေး ဗဟုသုတ)


'' အလံက ဇောက်ထိုးကြီး၊ ဇောက်ထိုးကြီး "

အသံကြားရာသို့ လှမ်းကြည့်လိုက်တော့ အသက်လေးဆယ်အရွယ် ဒကာတစ်ယောက်၊ မိမိတို့ လက်ထဲက သာသနာ့ အလံကို လက်ညှိုးထိုးပြောနေကြောင်း သိတော့မှ လက်ထဲက အလံကို ငုံ့ကြည့်မိသည်၊ ဟုတ်ပေသားပဲ၊  ရေဗူးများ ကားပေါ်သို့ တင်နေသည်ကို ငေးလျှက် အမှုမဲ့ အမှတ်မဲ့ ၀ါးလုံးတိုင်မှာ အလံချည်တာ ပဘဿရ ရောင်ခြည်တော်မှ အပြာရောင်ကို အောက်ထား၍ ချည်မိကြောင်း သတိထားမိတော့တယ်၊ ထိုအခါမှာတော့ တပည့်ကျော်မလေးက   '' ဘုန်းဘုန်းကလည်း ရှက်စရာကြီး ဘုန်းကြီးက သာသနာ့အလံ ချည်တာ ပြောင်းပြန်ဖြစ်လို့ လူက ထောက်ပြတာခံရတယ်လို့ " ဆိုပြီး သူကပါ  သာသာနဲ့ နာနာဝင်နှက်တော့တာပဲ၊ အေးလေ ကိုယ်ကလည်း ပေါ့ဆမိတာကိုး ခံပေဦးတော ရွှေဘုန်းရေပေါ့။

2012- ပညာသင်နှစ်၊ စေတနာပန်းခင်း လစဉ်ကလေးများ အာဟာရ ဒါန လှူဒါန်းရာ မူလတန်းကျောင်းလေးများ နှင့် အလှူရှင်စာရင်း



ရက်စွဲ ကျောင်း ကျောင်းသားဦးရေ အလှူရှင်
ဇွန် - ၁၊ ၂၀၁၂ ညောင်ပင်ပိုင်း အ.မ.က ၈၀ ယောက် ဒေါက်တာနန်းသုသုခင်
ဇွန် - ၈၊ ၂၀၁၂ ခမောက်စု အ.ထ.က ၁၂၀ ယောက် စေတနာပန်းခင်းမိသားစု (ရေအလှူတော်မှ ပိုနေသည့်အလှူငွေ)
ဇူလိုင် - ၅၊ ၂၀၁၂ ရှားဖြူကျင်း အ.မ.က ၁၂၀ ယောက် ဒေါ်စန်းစန်းမိုး (ခေတ္တ - ဆစ်ဒနီ၊ သြစတြေးလျ)
သြဂုတ် - ၃၊ ၂၀၁၂ အချုပ်ကလေး အ.မ.က ၁၅၀ ယောက် မတင်အေးလှိုင်၊ (အိန်ဂျယ်လှိုင်၊ ခေတ္တ - သြစတေးရီးယား)
သြဂုတ် - ၁၇၊ ၂၀၁၂ ဂွေးချို အ.မ.က ၁၁၅ ယောက် မခင်ဆုယဉ်၊ မိခင်ကြီး ဒေါ်နုနုကြည်မွေးနေ့အလှူတော်
စက်တင်ဘာ - ၃၊ ၂၀၁၂ ရွှေစာရေး အ.မ.က ၅၀ ယောက် မငြိမ်းငြိမ်းထွန်း (ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့)
အောက်တိုဘာ လဟာကြီး အ.မ.က ၁၂၀ ယောက် ကိုခင်မောင်ထွန်း၊ (ခေတ္တ - စင်္ကာပူ)
နိုဝင်ဘာ ကျောင်းကုန်း အ.မ.က ၁၂၀ ယောက် မယဉ်ယဉ်ဝင်း၊ (ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့)
ဒီဇင်ဘာ - ၅၊ ၂၀၁၂ ရုံးတော အ.မ.က ၁၁၅ ယောက် ကိုထက်နိုင်နိုင်၊ (ခေတ္တ - ဘန်ကောက်)၊ မွေးနေ့အလှူတော်

စေတနာပန်းခင်းမိသားစု

စေတနာပန်းခင်း စိတ်နေသဘောထား

၁။ လူမှု အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘာသာ၊ လူမျိုး ခွဲခြားခြင်း မရှိစေရ။

၂။ ဘာသာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွါးရေးအတွက် အဓိကထား
     ဆောင်ရွက်ရမည်။

၃။ မိသားစု (အကျိုးဆောင်၊ အသင်းဝင် ၊ အလှူရှင်) အချင်းချင်း ကူညီ ရိုင်းပင်းမှုရရှိမည်။ တစ်စုံတစ်ရာ
     အခက်ခဲတွေ့က ၀ိုင်းဝန်း ဖြေရှင်ပေးရမည်။

     (က) ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် တစ်ဦးနှင့် တစ်ဦး ဂုဏ်၊ သိက္ခာထိခိုက်စေသောအပြောအဆို
             များအား ရှောင်ရှားရမည်။

      (ခ) စေတနာပန်းခင်း မိသားစုဝင် အချင်းချင်း ပစ္စည်း၊ ဥစ္စာအားဖြင့်သော်၎င်း၊ ဂုဏ်အားဖြင့်သော်၎င်း
            ခွဲခြားဆက်ဆံခြင်းမျိုး လုံးဝ မရှိစေရ။

      (ဂ) တစ်နှစ်ပြည့်တိုင်း အသင်း၏ လုပ်ဆောင်ချက်များ၊ အကျိုးဆောင်များ၏ ဆောင်ရွက်ချက်များအား
            ပြန်လည် သုံးသပ်၍ လိုအပ်သည်များအား ဖြည့်စွက် ပြင်ဆင်ခြင်းများ ပြုလုပ်၍ လုပ်အားဖြင့်
            သော်၎င်း၊ အလှူငွေအားဖြင့်သော်၎င်း တစ်စုံတစ်ရာ လှုပ်ရှားမှု မရှိသော အကျိုးဆောင်များအား
            အသင်းမှ ရပ်နားခွင့်ပေးသွားပါမည်။

၎။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို အထူး လေးစားတန်ဘိုးထားရမည်။

      (က) စေတနာပန်းခင်း အနေဖြင့် ကျေးလက်ဒေသများသို့ အရေးကိစ္စရှိ၍ သွားရောက်ရလျှင် စကပ်
              အတို၊ အကွဲ၊ ဘောင်းဘီ အတို၊ အရှည်စသည်နှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ၀တ်စား
              ဆင်ယဉ်မှုများအား ရှောင်ရှားရမည်။

       (ခ) စေတနာပန်းခင်းမှ ဆောင်ရွက်သော လူမှုရေး ၊ ဘာသာရေး စသော ခရီးစဉ်များ သွားရောက်ကြရာ
             တွင် စေတနာပန်းခင်း အသင်းဝတ်စုံအား ၀တ်ဆင်ကြရမည်။

      (ဂ) မိမိ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ၌ အသင်းအမည်အား တလွဲ အသုံးချခြင်း မရှိစေရ။

၅။  အရေးကိစ္စများ ပေါ်ပေါက်လာပါက ရွှေဘုန်းအား တင်ပြ၍ အသင်းဝင်အားလုံး ပါဝင်ဆွေးနွေးပြီးမှသာ
      လျှင် အပြီးသတ်ဆုံးဖြတ်ချက် ချရမည်။

မှတ်ချက်။  ။ ဤစည်းကမ်းချက်များသည် တစ်စုံတစ်ရာ ပြင်ဆင်၊ တိုးချဲ့စရာ အရေးကိစ္စများ မပေါ်ပေါက်ခင် အချိန်ထိ အတည်ဖြစ်သည်။



ဥက္ကဋ္ဌ
အရှင်တေဇာနန္ဒ (ရွှေဘုန်း၊ စေတနာပန်းခင်း)
B.A (ဓမ္မာစရိယ၊) M.A (Thesis)
 စေတနာပန်းခင်း သင်တန်း၊ စာကြည့်တိုက်နှင့် ဖောင်ဒေးရှင်း