လေ့လာရေး ခရီးစဉ်မှ အတွေ့အကြုံလေးများ


ဒီနေ့ မဟာချူလာလောင်ကွန်းတက္ကသိုလ်၏ Tipitaka study ဘာသာရပ်ရဲ့ စာတန်းအတွက် ခရီးတစ်ခုအဖြစ် နဲ့ သွားခဲ့ရတဲ့ အတွေ့အကြုံလေးကို  မျှဝေချင်ပါတယ်၊ အထူးသဖြင့် စေတနာပန်းခင်း ဖောင်ဒေးရှင်း အကျိုးဆောင်များကို မဖြစ်မနေဖတ်စေ ချင်တယ်။နာရီတွေတော့ မပြောတော့ပါဘူး၊ ပထမဆုံးရောက်ဖြစ် တဲ့နေရာက ဗုဒ္ဓဥယျာဉ်ပါ(Buddhamonthom)။ ဒီဥယျဉ်ကြီးဟာ မြန်မာလိုဆိုရင် ဧက တစ်ထောက်ကျော် ကျယ်ဝန်းတယ်လို့ သိရပါတယ်။ အထဲမှာတော့ ရေကန်များ၊ ဘုရားပုထိုးစေတီတော်များ၊ နှင့် ငါးစာကျွေး ရာ နေရာများလည်း ရှိပါတယ်။ ထူးခြားတာ ကတော့ မြန်မာနိုင်ငံ မန္တလေးတောင်ခြေမှာ ကဲ့သို့ ကျောက်စာ ပိဋကတ်တိုက် ရှိတာပါပဲ။ မြန်မာနိုင်က ပိုပြီး အံသြစရာကောင်းတာ က ကျောက်စာ တစ်ချပ်ကို စေတီတစ် ဆူ၊ တစ်ဆူပေါက်ထားပြီး အပေါ်က ထီးတော်ကဲ့သို့ မိုးထားတာပါ။ သူတို့ကတော့ ကျောက်ပြား ချပ်တွေမှာပဲ ထိုင်းအက္ခရာနဲ့ ထိုးထားပြီး ဒီတိုင်းအဆောက်အဦးအောက်မှာ ထိမ်းသိမ်းထားပါ တယ်။ ဒီဥယျာဉ်ကြိးထဲမှာ ရှဥ့်၊ ဖွတ်၊ နှင့် နာမည်မသိတဲ့ ငှက်ကြီးများကဲ့သို့သော တိရစ္ဆာန်သောတိရစ္ဆာန်များဟာ လူများကို ကြောက်ရွံ့ ထိတ်လန့်စရာမလိုပဲ။ ကျင်လည်ကျက်နိုင်ကြပါတယ်။


နောက်ဒီကြားထဲမှာ ဘုရား၊ စေတီတော်များဆီကို ဆက်လက်၍ ခရီးထွက်ခဲ့ကြပါတယ်။ သိပ်ထူးထူးဆန်း မရှိလို့ မရေးတော့ပါဘူး။ ဒုတိယ တွေ့ရတဲ့နေရာကတော့ Lunch time မှာပါ။ အဲဒိစာသောက်ဆိုင်ကို Rose garden လို့နာမည်ထားတယ်။ ထူးခြားတာက အဲဒိဆိုင်ဟာ လမ်းမကြီးတွေ ဘေးမှာ မဟုတ်ပဲ သီးသန့်သွား မှရောက်နိုင်တဲ့ သီးခြားဥယျာတစ်ခုအနေနဲ့ ဖန်းတီးထားတာပါ။ အထဲမှာ သစ်ခွခြံ၊ ငှက်မွေးခြံ ငှက်တွေကို သံဇကာတွေနဲ့ ခြံခတ်မထားပါဘူး။ သစ်ပင်လေးတွေပဲ ဘေးကနေ ၀ိုင်းပြီးဆိုက်ထားတာ အတုယူစရာပါ။ စားသောက်ဆိုင်တွေရဲ့ အမိုးလေးတွေကို ဓနိလေးတွေ မိုးထားတယ်။ ဥယျာဉ်ထဲက သစ်ပင်တွေရဲ့ အပေါ်မှာအလွန်ငြိမ့်ညောင်းတဲ့ တီးလုံးသံသီးသန့် တေးဂီတလေး ဖွင့်ပေးထားတယ်။ ယဉ်ယဉ်လေး ပဲ။ နောက်နာမည်နဲ့ လိုက်ဖက်ညီစွာပဲ တစ်ကယ့် မြစ်ကမ်း နဘေး၊ မြစ်ကမ်းစပ်ကို တော်တော်လေး ငုံပြီး ဆိုင်တွေကို တည်ဆောက်ထားပါတယ်။ ဆိုင်ဝန်ထမ်းအမျိုးသမီးတွေ အားလုံး ထမီများပဲ ၀တ်ကြပါ တယ်။ မြန်မာ့ ရိုးရာထမီများလိုပါပဲ၊ ထမိန်စကပ်မဟုတ်ဘူးနော်၊ တစ်ကယ့်ထမီ။

စားသောက်ဆိုင်တွေကို ဘေးကနေ သစ်ပင်နွယ်ပင်တွေ နွယ်တက်စေပါတယ်။ ကြည့်လိုက်ရင် တစ်ကယ့်တောထဲက အိမ်အိုလေးတွေ အတိုင်းပါပဲ။ ဒါကိုမြင်တော့ ဘာရလိုက်သလဲဆိုရင်၊ “တိုးတက်မှုနှင့် သဘာဝတရား”ပါ။ လူတွေဟာ တိုးတက်မှုရဲ့နောက်ကို သိပ်လိုက် လွန်းတော့ သဘာဝတရားတွေပျောက် ကုန်တယ်။ သဘာဝတရားတွေရဲ့နေရာမှာ ပြုပြင်ဖန်တီးမှုတွေက အစားထိုးလာကြ တယ်။ ဟော ...လူတွေဟာ နောက်ဆုံးမှာ သဘာဝတရားကို ပြန်လည်ပြီးဆာလောင်လာကြတယ်။ တိုးတက်မှုတွေကြား ထဲမှာ မွန်းကျပ်လာတယ်။ မပျော်တော့ဘူး၊ အဲဒိမှာ သဘာဝနဲ့ တူနိုင်မျှတူအောင် ပြန်ပြီး ဖန်းတီးပြီးတော့ လူတွေဟာ ကိုယ့်စိတ်ကို ကိုယ် ပြန်ပြိးတော့ နှစ်သိမ့်၇တာ ပါပဲ။ ဘာပဲဖြစ်ဖြစ် ခေတ္တ ခဏ ပျော်ဝင်နိုင် မှာဖြစ်ပေမယ့် အတုဟာ အစစ်နဲ့ဘယ်လိုမှ မတူနိုင်ပါဘူး။ ဒီဥယျဉ်လေးရဲ့ ကြေငြာကိုပဲကြည့် လိုက်ပါ။ {your escape from Bangkok} တဲ့။ “ဘန်ကောက်မြို့ မှ လွန်မြောက်ရာ”။ ဘန်ကောက်ဆိုတာ အရှေ့တောင် အာရှမှာ အတိုးတက်ဆုံးမြို့တွေထဲက တစ်ခုပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ဘန်ကောက်မြို့လူတွေ ဘယ်လောက်မွန်းကျပ်နေတယ်၊ ဘယ်လောက် ပူလောင်နေတယ်။ တိုးတက်မှုရဲ့ အရိပ်အောက်မှာ ဘယ်လောက် မပျော်မရွှင်ဖြစ်သေလဲဆိုတာ သိသာလှပါတယ်။ ပြောချင်တာက သဘာဝ နဲ့ တိုးတက်ခြင်းရဲ့ သံသရာနဲ့၊ ကိုယ်ဖော်တဲ့ဆေး ကိုယ်ကျိတ်မှိတ်မျိုချနေရတဲ့ လူသားတွေရဲ့ ကံကြမ္မာကိုပါ။

ကြားထဲက ခရီးစဉ်တွေကို ကျော်ထားခဲ့ပါတော့ (ရှည်ရင် မဖတ်ကြ ဘူးလေ)။ နောက်ဆုံးရောက် ခဲ့တဲ့နေရာကတော့ မြန်မာလို “၀ိသာခ ပဥှာ ဥယျာဉ်ပါ” ထိုင်းလိုတော့ Nyanavesakvana လို့ခေါ်ပါတယ်။ ဥယျာယဉ်လို့ဆိုပေမယ့် အထဲမှာ ဘုရား၊ ပုထိုးစေတီတွေ ၊ ရေကန်တွေ၊ ပန်းဥယျဉ်တွေ၊ စိတ်အ၀င် စားဆုံးကတော့ သုံးထပ်ရှိတဲ့ စာကြည့်တိုက်ကြီးပါပဲ။ ဒီဥယျာဉ်ကြီးကို လွန်ခဲ့တဲ့ ၂ နှစ်လေးကမှ ထိုင်း ဘုန်းတော်ကြီးတစ်ပါးက စတင်အကောင်ထည်ဖော်ခဲ့တာပါ။ ၂ နှစ်လောက်သာဆိုတယ်၊ ကြည့်လိုက်တာ ဥယျဉ်ကြီးက လွန်ခဲ့တဲ့ ၂၀ လောက်ကတည်းက ရှိခဲ့တဲ့ ဥယျဉ်ကြီးတစ်ခုလို တိတ်ဆိတ်အေးချမ်းလှပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီမှာတော့ သစ်ပင်တွေက ကြီးမှ အမြစ်က တူးပြီးေ၇ွ့တာမျိုးပါ။ ဒီဥယျဉ်ကြီး ဒီလိုဖြစ်လာတာ ၂ နှစ်ဆိုပေမယ့်၊ ဒီဥယျာဉ်ဖြစ်ဘို့ ဥယျာဉ်ပိုင်ရှင် ဘယ်လောက် ကြာအောင် ကြိုးစားအား ထုတ်ရလဲ ဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီနေရာကအပြန်မှာတော့ စိတ်စွမ်းအားတွေ၊ ယုံကြည်မှုတွေ အများကြီးတိုးပွါးခိုင်မာလာခဲ့ပါတယ်။ သူက ၂ နှစ်နဲ့ ဒီလိုဖြစ်ရင် ငါတို့ကရော၊ ၂၀ ဆယ်ဆိုရင် ဒီလို အမျိုး၊ ဘာသာ၊ သာသနာကို အကျိုးပြုနိုင်တဲ့ ဥယျာဉ်မျိုး မဖြစ်နိုင်ဘူး လား၊ ဖြစ်ကိုဖြစ်ရ မယ်ဆိုတဲ့ သန္နိဌာန်တစ်ခု ရင်ထဲမှာ အမြစ်တွယ်လာခဲ့ကြပါတယ်။ အပြန်လမ်းမှတော့ ကိုယ်တွေ့ခဲ့တာနဲ့ ပါတ်သက်လို့ ကိုယ့်ရဲ့ ရင်ထဲခံစားချက်တွေကို ကားပေါ်မှာပဲ မျှဝေရပါတယ်။ တော်တော်များများ ကတော့ “၀မ်းသာတဲ့အကြောင်း ထိုင်းနိုင်ငံက သာသနာကို ဘယ်လိုချီးမြှောက် တာ အောင်မြင်ကြောင်းတွေပြောကြ ပါတယ်” ကိုယ့်အလှည့်ရောက်တဲ့အခါမှာတော့ “First of all, I would like to show my appreciation to Professor Suthivorayan and all of my friends. in the whole our tour for today, I most satisfied to the last place , when I get there I got some idea how can I do to improve for our nation, generation and religion in our country. So thanks you so much today (လက်ခုတ်သံများ)။

မြန်မာလူမျိုးတွေဟာ ကမ္ဘာမှာအတော်ဆုံးလူသားထဲမှာပါပါတယ်။ ကုသိုလ်ကောင်းမှုဆို မြန်မာ လူမျီုးကို ဘယ်လူမျိုးမှ မမှီပါဘူး။ ဒါပေမယ့် ကိုယ်ကုသိုလ်ရဘို့ပဲ အဓိကထားကြပါတယ်။ တိုင်းပြည်ရဲ့ နောင် အနှစ် ၂၀၊ အနှစ် ၃၀ ၊ အနှစ်တစ်ရာ ဆိုရင် ဆိုတဲ့ စီမံချက်မျိုး ချပြီး၊ ကုသိုလ်ပြုတဲ့သူ၊ ကြိုးစားတဲ့သူကတော့ ရှိရင်တောင် ရှားပါးသတ္တ၀ါပါပဲ။ အဲဒိတော့ ရလိုက်တဲ့ သင်္ခန်းစာက နောင်အနှစ်ဆယ်ထက် မများတဲ့ ကာလမှာ စေတနာပန်းခင်းဟာ ဒီထက်ကို မျိုးဆက်သစ်တွေ နဲ့ ဘာသာ၊ သာသနာအတွက် အကျိုးပြုနိုင်တဲ့ ဥယျာဉ်မျိုး မဖြစ်ဖြစ်အောင်ကို ကြိုးစားမယ်ဆိုတဲ့ စိတ်သတ္တိပါပဲ..၊

အလင်းအိမ်(စေတနာပန်းခင်း) 5.9.2011 (Mon P.M)

No comments:

Post a Comment