စေတနာပန်းခင်း ၀ါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ (ပထမအကြိမ်)


 
နေရာ     - ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘုံပျံကျောင်း၊ ကျောင်းကြီး။

နေ့ရက်    - ၉-၉-၂၀၁၂  (တနင်္ဂနွေနေ့)

အချိန်      - နံနက် (၇) နာရီမှ (၁၀) နာရီ အထိ
-----------------------------------------------------------------------------------------------------------
သို့ဖြစ်ပါသောကြောင့် စေတနာပန်းခင်း ပထမအကြိမ် ၀ါဆို သင်္ကန်းဆက်ကပ် လှူဒါန်းပွဲသို့  ဖေ့ဘွတ်မှ    စေတနာပန်းခင်း အလှူရှင်များ၊ ဓမ္မမိတ်ဆွေများအား အထူးဖိတ်ကြားအပ်ပါသည်။
 
မှတ်ချက် ။ ။စေတနာပန်းခင်း အလှူသို့ ကြွရောက်လိုသော ဧည့်သည်တော်များအနေဖြင့် ဖုန်းနံပါတ်များ မက်ဆေ့ခ်ျထားခဲ့ပါ၊ စေတနာပန်းခင်း အကျိုးဆောင်များမှ အလှူသို့ ကြွရောက်ရန် လမ်းညွှန်မှုများ   ပြုလုပ်သွားပါလိမ့်မည်။



ရွှေဘုန်းနှင့် စေတနာပန်းခင်း မိသားစု (20.8.2012)

စေတနာပန်းခင်း စုပေါင်းရဟန်းခံ ရှင်ပြုပွဲ(ဒုတိယအကြိမ်) အတွက် အလှူရှင်များ (၂၆.၁၂.၂၀၁၁ အထိ)

စေတနာပန်းခင်း မိသားစု ရဟန်းခံရှင်ပြု (ဒုတိယအကြိမ်) အလှူရှင်စာရင်း
***************************************************************************
စဉ် အလှူရှင် အမည် ရှင်အပေါး ပေါင်း အလှူငွေ
၁။ ကိုချစ်ဝင်း (ခေတ္တ - စင်္ကာပူ) နှင့် မိဘများ ဦးအေးထွန်း+ဒေါ်ဥမ္မာ ၁၀ ပါး ၄၀၀,၀၀၀
၂။ မမေသက် (အကျိုးတော်ဆောင်၊ ရန်ကုန်) ၃ ပါး ၁၂၀,၀၀၀
၃။ မမီမီဦးခင် (အကျိုးတော်ဆောင်၊ ဥသျှစ်ပင်) ၁ ပါး ၄၀,၀၀၀
၎။ မယ်တော်ကြီး ဒေါ်သန်းငြိမ်းနှင့် အမများ ၂ ပါး ၈၀,၀၀၀
၅။ ကိုဝင်းခိုင်ထွန်း (အကျိုးတော်ဆောင်၊ ရန်ကုန်) ၂ ပါး ၈၀,၀၀၀
၆။ ဦးဟန်စော မိသားစု(မဟာသာ) ၂ ပါး ၈၀,၀၀၀
၇။ မမြတ်သီတာ ၁  ပါး ၄၀,၀၀၀
၈။ မနှင်းနွယ်စိုး ၁ ပါး ၄၀,၀၀၀
၉။ မတင်အေးလှိုင် (Blogger Angelhlaing, Austria)၊ (အလှူစရိတ် ၁၀၀,၀၀၀ ကျပ်နှင့်အတူ) ၁ ပါး ၁၄၀,၀၀၀
၁၀။ ကိုဗိုလ်ချိုအောင် ၁ ပါး ၄၀,၀၀၀
၁၁။ မမီးမီး ၁ ပါး ၄၀,၀၀၀
၁၂။ မယုယုမိုး ၁ ပါး ၄၀,၀၀၀
၁၃။ ကိုထွန်းထွန်းဝင်း (အကျိုးတော်ဆောင်၊ ရန်ကုန်) ၁ ပါး ၄၀,၀၀၀
၁၄။ ကိုဇော်ထွန်းအောင်+မအိသဇင် ၁ ပါး ၄၀,၀၀၀
၁၅။ မပန်းအိဖြူ (အကျိုးတော်ဆောင်၊ ရန်ကုန်) ၁ ပါး ၄၀,၀၀၀
၁၆။ မထိုက်ထိုက်ဦး (အကျိုးတော်ဆောင်၊ ရန်ကုန်) ၁ ပါး ၄၀,၀၀၀

ကောက်ခံရရှိမှု
***************
အလှူရှင် (၁၆)ဦးမှ ရှင်သာမဏေပေါင်း ၃၀ ပါး အတွက် ပရိက္ခရာ အလှူငွေ - ၁,၂၀၀,၀၀၀ ကျပ် နှင့် အလှူစရိတ်အဖြစ် ၁၀၀,၀၀၀ ကျပ် (ပေါင်း) ကောက်ခံရရှိခဲ့ပါသည်။

စေတနာပန်းခင်း မိသားစု
(လောက၊ သာသနာ အကျိုးပြု မိသားစု)

နေ၀င်ချိန်များကို မျှဝေခံစားခြင်း (သို့) စေတနာပန်းခင်း သက်ကြီးပူဇော်ပွဲ (ပထမအကြိမ်) အထူးပဲ ဖတ်စေလိုပါတယ်...။

လူသားတိုင်း မွေးလာတာနဲ့ တစ်ပြိုင်နက် တွဲဘက်ပြီး မလွဲမသွေ ရရှိလာမယ့် အရောတွေက “အိုခြင်း၊ နာခြင်း၊ သေခြင်း”ဆိုတာတွေပါ၊ ဘယ်လောက်ပဲ ရုပ်ချောချော၊ ဘယ်လောက်ပဲ ငွေပေါပေါ ဒီအစဉ်အလာ ကို ကျော်လွန်နိုင်ရိုးထုံးစံမရှိပါဘူး။ ဒီအထဲမှာ သေခြင်းတရားကိုတော့ ဘယ်သူမှ တက်တွဲတူညီ၊ ဖေးမကူညီ လို့မရနိုင်ပါဘူး။ သို့သော် ဘ၀နေ၀င်ချိန်သို့ရောက်နေကြကုန်သော “ဆည်းဆာအို”များအတွက်တော့ ဖေးမ ကူညီနိုင်ကြပါတယ်။ အထူးသဖြင့် ချို့တဲ့ ရှာကြတဲ့ ၊ ဘ၀နေ၀င်ချိန်ကို ချို့ချို့တဲ့ မျှော် လင့် စောင့်စားရုံကလွဲပြီး ဘာမှမတတ်နိုင်ရှာကြတဲ့ “အထိးကျန်ဆည်းဆာ”များအတွက်တော့ လက်တွဲကူညီြွဲကစေလိုပါတယ်၊ သို့အတွက်ကြောင့် ယခုနှစ် စေတနာပန်းခင်း သက်ကြီးပူဇော်ပွဲ (ပထမ အကြိမ်)မှာ မိမိတို့ရဲ့ အေးမြကြည်လင်သော လက်များနဲ့ “အထီးကျန် ဆည်းဆာအို”များအား ဖေးမကူညီ မျှဝေခံစားပေးနိုင်ရန် စေတနာပန်းခင်းမှ အထူးပဲ ဖိတ်ခေါ်အပ်ပါတယ်.....။

ယခုလက်ရှိ ကောက်ယူထားသော စာရင်း အရ မဟာသာ ကျေးရွာမှာ အေ၇ှ့ပိုင်း တစ်ပိုင်းတည်းလျှင် (၇၅)နှစ်ကျော် သက်ကြီးဘိုးဘွား (၃၅)ယောက် စာရင်းရထားပါတယ်၊ နောင် ကျန်အပိုင်းများ အား နောင် အခါများမှာ ကန်တော့သွားပါမယ်။ လက်ရှိ ဘိုးဘွား တစ်ဦးလျှင် ငွေသား သီးသီး တစ်သောင်းကျပ်ဖြင့် မည်သူမဆို ကုသိုလ်ယူနိုင်ကြပါသည်....။

စေတနာပန်းခင်း သက်ကြီးပူဇော်ပွဲ ကျင်းပမည့်...

နေရာ........................စေတနာပန်းခင်း သာသာနာပြုကျောင်းတော်၊ မဟာသာကျေးရွာ ၊ ဇလွန်မြို့နယ်၊ ဧရာဝတီတိုင်း။
ဘိုးဘွား အရေတွက်.........(၃၇)ဦး (လတ်တလော အခြေနေအရဖြစ်ပါတယ်၊ ပိုမိုများစရာရှိပါတယ်)
နေ့ရက်.......................၁၃၇၄-ခု၊ တန်ခူး လဆန်း ၁၁ ရက်၊  မြန်မာ နှစ်ဆန်းတစ်ရက်နေ့၊ (၁၇.၄.၂၀၁၂)


အလင်းအိမ်(စေတနာပန်းခင်း)14.12.2011

“ခေတ်လူငယ်နှင့် မွေးစားယဉ်ကျေးမှု”

အချို့၊ အချို့သော မြန်မာ့ ရိုးရာ အစွဲအလမ်းတွေဟာ လူငယ်တွေရဲ့ တက်လမ်းတွေကို ပိတ်ဆို့ထား တတ်တယ်ဆိုတာ မှန်ပါတယ်၊ ဥပမာ ခရီးသွားရင် အချိန်မမေးရ၊ အိမ်ဆောက်ရင် နဂါးခံတွင်း လွတ်အောင်ရှောင်ရမယ် ...စတာတွေပါ၊ သို့သော်လည်း ရိုးရာ အစွဲအလမ်းနဲ့ ယဉ်ကျေးမှု အစဉ်အလာ ကိုတော့ ခွဲခြားပြီး နားလည်ရမှာပေါ့။ အစွဲအလမ်းနဲ့ အစဉ်အလာ ယဉ်ကျေးမှုကို နားမလည် တဲ့ ခေတ်လူငယ်တွေလေးတွေဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကို အကြောင်းမဲ့ စတင်တိုက်ခိုက်လာကြ တယ်၊ ဥပမာ တစ်ဦးနဲ့ တစ်ဦး တွေ့ကြတဲ့အခါ “နေကောင်းရဲ့လား” လို့ နှုတ်ဆက်တတ်ကြပါတယ်၊ အလွန်ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုပါ။ ဒါကို တစ်ချို့က “အဓိပ္ပါယ်မရှိဘူး၊ နေမကောင်း မှ တွေ့မလား” စတဲ့ အကြောင်း ပြချက်တွေနဲ့ ထိုယဉ်ကျေးမှုကို ပယ်ချင်ကြတယ်၊ “မင်္ဂလာပါ ” ဆိုတဲ့ စကား ဟာလည်း ကျောင်းခန်းထဲမှာပဲ ပြောရမယ် လို့ ပြဌာန်းထားတယ် လို့ ထင်မှတ်ကြသလားမသိ၊ မင်္ဂလာပါလို့ ပြောသူကို ကြောင်တက် တက်နဲ့ ၀ိုင်းကြည့်ကြတယ်။

“စေတနာပန်းခင်းရဲ့ မိသားစု စိတ်ဓါတ်ဆိုတာ”

စေတနာပန်းခင်းမှာ လုပ်ငန်းပိုင်ဆိုင်ရာ ခွဲခြားမှုတွေ၊ တာဝန်ပိုင်းဆိုင်ရာ ခွဲခြားမှုတွေ ရှိမှာဖြစ်သော်လည်း စိတ်ဓါတ်ပိုင်းဆိုင်ရာ ခွဲခြားမှုတော့ လုံးဝရှိလာမည်မဟုတ်ပါ၊ ရှိလာလျှင်လည်း စေတနာပန်းခင်းက လက်ခံမည်မဟုတ်ပါ။

ယခုလောလောဆယ် အခြေနေ အရ  စေတနာပန်းခင်းမှ ရှေ့ထွက်ပြီး အလုပ်လုပ်နေရသူတွေရှိသလို ကျန်သူများကလည်း  နောက်ပိုင်းက စိတ်ရော၊ ကိုယ်ရော ပံ့ပိုးနေရတာပါ။ စေတနာပန်းခင်းမှာ ဘယ်သူကတော့ အရေးကြီးပြီး ဘယ်သူကတော့ သိပ်အရေးမပါဘူးဆိုတာ လုံးဝ မရှိစေရပါဘူး။ (ကိုချစ်ဝင်းစကားနဲ့ ပြောရရင်) စေတနာပန်းခင်းဟာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလိုပါပဲ၊ တစ်ခုမှ မရှိလို့ မဖြစ်ပါဘူး၊ တစ်ခုခု ချို့တဲ့သွားတာနဲ့ လစ်ကွက်တွေ၊ ဟာကွက်တွေ ဖြစ်လာမှာပါ။

သို့ကြောင့် စေတနာပန်းခင်းမှာ အားလုံးဟာ မရှိမဖြစ် လည်ပါတ်နေရတဲ့ အင်ဂျင်တစ်ခုရဲ့ အစိပ်အပိုင်း များအဖြစ် နားလည်ကြစေလိုပါတယ်၊ အင်ဂျင်တစ်ခုမှာ အသေးဆုံးဖြစ်တဲ့ ၀က်အူလေး တစ်ချောင်း မှ ပြုတ် ထွက်သွားလို့ မရပါဘူး၊ သူ့ကို သေးသေးလေးပဲ ဆိုပြီး ပြစ်ပယ်လိုက်တာနဲ့ ဒီအင်ဂျင်ရဲ့ လည်ပါတ်မှုအားလုံး ဟာ ရပ်တံ့သွားမှာပါ။ ဒါကြောင့် “ငါတို့ကတော့ ဘာမှ မလုပ်နိုင်ဘူး၊ သူတို့ကတော့ လုပ်နိုင်တယ်၊ ငါတို့ မရှိလည်း ဖြစ်ပါတယ် ”ဆိုတဲ့ အားငယ်တဲ့ စိတ်မျိုးမမွေးစေချင်ပါဘူး၊ အားလုံးဟာ စေတနာပန်းခင်းအတွက် မရှိမဖြစ်တွေပါ။

အလင်းအိမ် ဘုန်းဘုန်းအနေနဲ့လည်း တစ်ခါတစ်ရံ တစ်စုံတစ်ဦးသော ပုဂ္ဂိုလ်ရဲ့ လုပ်ဆောင်မှုကို ထုတ်ဖော်ပြောတဲ့ အခါ ဂုဏ်တင်ပြောခြင်းမျိုးမဟုတ်ပဲ၊ အင်ဖော်မေးရှင်းအနေနဲ့ အသိပေးပြောဆိုခြင်းမျှ သာ ဖြစ်တယ်ဆိုတာ နားလည်ပေးစေချင်ပါတယ်။ ထိုပုဂ္ဂိုလ်ကလည်း “ငါက လုပ်နိုင်လို့ ဘုန်းဘုန်းက ငါ့ကို ဦးစားပေးတယ်”ဆိုတဲ့ စိတ်မျိုး ဘယ်တော့မှ မွေးမှာ မဟုတ်ပါဘူး၊ အဲဒိစိတ်မရှိလို့သာ စေတနာပန်းခင်းမှာ ကိုယ်ကျိုးစွန့်လုပ်နိုင်ကြတာပါ၊ တစ်ကယ်တော့ လောက အကျိုးပြု၊ သာသနာအကျိုးပြုလုပ်ငန်းတွေ လုပ်တယ်ဆိုတာ

၁.လောက၊ သာသနာ အကျိုးသယ်ပိုးနိုင်ရေး၊
၂. မိမိ စိတ်ဓါတ်လေး အေးချမ်းမှုရရှိရေးနှင့်
၃. အပြစ်ကင်းသော အလုပ်ဖြစ်ရေး သည်သာ အဓိက ကျပါတယ်။

အလုပ်တွေ အများကြီး ပြီးဘို့ အဓိကမဟုတ်ပါဘူး၊ အလုပ်တွေတော့ အများကြီး ပြီးပါရဲ့ ထိုလုပ်ငန်း များကို ဆောင်ရွက်နေသူတွေရဲ့ စိတ်က မငြိမ်းချမ်းနိုင်ဘူးဆိုရင် ဒါတစ်ခုခုတော့ လွဲနေပါပြီ...ပြင်သင့် တာ ပြင်ရတော့မှာပါ။ ဒါကြောင့် စေတနာပန်းခင်း မိသားစုများအနေဖြင့် လုပ်ငန်းဆောင်တာ ကွဲပြား မည်ဖြစ်သော်လည်း “ဘယ်သူက အရေးဘယ်လောက်ကြီးတယ်၊ မရှိမဖြစ်ဘူး၊ ဘယ်သူကတော့ သိပ်အရေး မကြီးဘူး၊ မရှိလည်း ဖြစ်တာပဲ” စတဲ့ ကွဲပြားမှုမျိုးဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ “ငါတို့က   ရှေ့ထွက်ပြီး  အလုပ်လည်း မလုပ်နိုင်ဘူး၊ သိပ်လည်း မလှူနိုင်ဘူး”ဆိုတဲ့ အားငယ်တဲ့ အတွေး  တွေ လည်း မတွေးစေချင်ပါဘူး။ အားလုံးဟာ စေတနာပန်းခင်းအတွက် မရှိမဖြစ်တွေပါ။ အချုပ်အနေအားဖြင့်တော့ “စေတနာပန်းခင်းဟာ ကိုယ်ကွဲသော်လည်း စိတ်မကွဲတဲ့ မိသားစုများ”ဆိုတာ ရင်ထဲမှာ ထည့်ထားပြီးတော့ လောက၊ သာသနာအကျိုးများအတွက် အသက်ထက်ဆုံး လက်တွဲပြီး ရှေ့ဆက်ကြပါလို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်....။

မေတ္တာဖြင့်....
ဥက္ကဋ္ဌ
အလင်းအိမ်(စေတနာပန်းခင်း)
13.12. 2011

မဝေးတော့တဲ့ ဧပရယ်မှာ... (?..4.2012)

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ မဟာသာ ကျေးရွာ၊ စေတနာပန်းခင်း သာသနာပြုကျောင်းတော်...မှာ...(တစ်ပြိုင်နက်)

၁. စေတနာပန်းခင်း စုပေါင်းရဟန်းခံရှင်ပြုပွဲ( ဒုတိယအကြိမ် )
၂. စေတနာပန်းခင်း သက်ကြီး ပူဇော်ပွဲ (ပထမအကြိမ်)
၃. စေတနာပန်းခင်း ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာနှင့် ကလေးငယ်များ အတွက် အနာဂါတ် အထောက်အကူပြု သင်တန်း...ထို့နောက်...

ဇလွန်မြို့၊ စက္ကလေး ရက်ကွက်၌...
ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်းနှင့် အနာဂါတ် အထောက်အကူပြုသင်တန်း...ထို့နောက်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စု ကျေးရွာ၌....

၁။  စေတနာပန်းခင်း စာကြည့်တိုက် (ခမောက်စု) အဆောက်အဦးဖွင့်ပွဲ
      (စာကြည့်တိုက်က ဖွင့်လှစ်ခဲ့တာ သုံးနှစ်)
      (စာပေဟောပြောပွဲ များဖြင့် စာကြည့်တိုက် အဆောက်အဦးအား ဖွင့်လှစ်နိုင်အောင် ကြိုးစားပါမည်)
၂။ အလှူ
၃။ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာနှင့် အထောက်အကူပြုသင်တန်းများကို....
    ၂၀၁၂ ၊ ဧပရယ်လ၌ စေတနာပန်းခင်း မိသားစုများမှ လောက နှင့် သာသနာအတွက် အစွမ်းကုန် ကြိုးစား
    ၍ ဆောင်ရွက်သွားပါမည်....။

(ယခုနှစ်လောက် မကျယ်ပြန့်သော်လည်း နှစ်စဉ် မိမိစွမ်းနိုင်သလောက် ဆောင်ရွက်မြဲဖြစ်ခဲ့သော လုပ်ငန်းများ ဖြစ်ပါတယ်)

အလင်းအိမ် (စေတနာပန်းခင်း) 26.11.2012

အရှင်တေဇာနန္ဒ(အလင်းအိမ်၊ စေတနာပန်းခင်း) ၏ {၂၀၁၁၊ နိုဝင်ဘာလ အတွင်း ဆောင်ရွက်ခဲ့၊ ဆဲဖြစ်သော အကျိုးပြုလုပ်ငန်းလေးများ}


{၁.၁၁.၂၀၁၁}
ကြည့်မြင်တိုင်မြို့နယ်၌ စေတနာပန်းခင်း မိသားစု (ရန်ကုန်)အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ အနာဂါတ် သာသ နာပြု၊ လောကအကျိုးလုပ်ငန်းများအတွက် တိုင်ပင်ဆွေးနွေးကြသည်။

{၃.၁၁.၂၀၁၁}
စေတနာပန်းခင်း စာကြည့်တိုက် (ခမောက်စု)အုပ်မြစ်ချ အလှူပွဲကျင်းပကြသည်၊ (ရန်ကုန်အဖွဲ့ဝင် များဖြစ်ကြသော ကိုထွန်းထွန်းဝင်းနှင့် ပန်းအိဖြူတို့ လိုက်ပါကြသည်)
နေရာ=ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာ၊ ညောင်ပင်ပိုင်းရပ်။
ပင့်သံဃာ နံနက်(၁၆)ပါး၊ တစ်ပါးလျှင် အလှူငွေ ၂၀၀၀ ကျပ်၊(နှစ်ထောင်ကျပ်)
ညနေ (၁၅)ပါး၊ တစ်ပါးလျှင် အလှူငွေ ၁၀၀၀၀ (တစ်သောင်း) ကျပ်စီလှူဒါန်းသည်။
ဧည့်ပရိတ်သတ်များအား နံနက် မုန့်ဟင်းခါး၊ ညနေ အအေးစတုဒီသာ နဲ့ ရွှေကြည်မုန့်များဖြင့် ဧည့်ခံသည်။

{၅.၁၁.၂၀၁၁}
၂၀၁၁-ခုနှစ် မေလတွင်းက ရှင်ပြုပေးခဲ့သော (၃၈)ပါးမှ တည်မြဲကျန်ရစ်သော ကိုရင်ကလေးနှစ်ပါး အား လိုအပ်နေသော သေတ္တာ တစ်ပါးတစ်လုံးစီ လှူဒါန်းသည်။
စေတနာပန်းခင်းစာကြည့်တိုက်၌ လိုအပ်လျှက်ရှိသော စာအုပ်ထည့်ရန် အခန်းလေးခန်းပါ ဘီဒို အား ကိုထွန်းထွန်းဝင်းနှင့် မပန်းအိဖြူတို့ မောင်နှမ နှစ်ယောက်မှ လှူဒါန်းသည်။(တန်ဘိုး ၃၈၀၀၀)
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာရှိ စေတနာပန်းခင်းစာကြည့်တိုက် တွင် ၁ နှစ်တာ အတွင်း စာဖတ်အများဆုံး အသင်းဝင် (၃) ယောက်အနက် မသက်သက်ထွေး နှင့် မောင်ဖိုးသင်္ကြန်တို့အား ၁ နှစ်တာအတွင်း စာဖတ်အများဆုံးဆုလက်ဆောင်အဖြစ် ကြိုက်နှစ်သက်ရာ စာအုပ် (၁) အုပ်စီ အား ဆုချီးမြှင့်ခဲ့ပါသည်။
မောင်ဖိုးသင်္ကြန်မှ ကာတွန်း သျှောင်ပေစူး ပုံဖော်သည့် လေဘီလူးတဲ့လား စာအုပ်နှင့် ဆုငွေ ၂ဝဝဝိ/- ကျပ်
မသက်သက်ထွေးမှ ဆရာ နန္ဒသိန်းဇံ ရေးသားသည့် ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင်ခရီးစဉ် စာအုပ်အား ဆုချီးမြှင့်ခဲ့သည်။