နေ၀င်ချိန်များကို မျှဝေခံစားခြင်း (သို့) စေတနာပန်းခင်း သက်ကြီးပူဇော်ပွဲ (ပထမအကြိမ်) အထူးပဲ ဖတ်စေလိုပါတယ်...။

လူသားတိုင်း မွေးလာတာနဲ့ တစ်ပြိုင်နက် တွဲဘက်ပြီး မလွဲမသွေ ရရှိလာမယ့် အရောတွေက “အိုခြင်း၊ နာခြင်း၊ သေခြင်း”ဆိုတာတွေပါ၊ ဘယ်လောက်ပဲ ရုပ်ချောချော၊ ဘယ်လောက်ပဲ ငွေပေါပေါ ဒီအစဉ်အလာ ကို ကျော်လွန်နိုင်ရိုးထုံးစံမရှိပါဘူး။ ဒီအထဲမှာ သေခြင်းတရားကိုတော့ ဘယ်သူမှ တက်တွဲတူညီ၊ ဖေးမကူညီ လို့မရနိုင်ပါဘူး။ သို့သော် ဘ၀နေ၀င်ချိန်သို့ရောက်နေကြကုန်သော “ဆည်းဆာအို”များအတွက်တော့ ဖေးမ ကူညီနိုင်ကြပါတယ်။ အထူးသဖြင့် ချို့တဲ့ ရှာကြတဲ့ ၊ ဘ၀နေ၀င်ချိန်ကို ချို့ချို့တဲ့ မျှော် လင့် စောင့်စားရုံကလွဲပြီး ဘာမှမတတ်နိုင်ရှာကြတဲ့ “အထိးကျန်ဆည်းဆာ”များအတွက်တော့ လက်တွဲကူညီြွဲကစေလိုပါတယ်၊ သို့အတွက်ကြောင့် ယခုနှစ် စေတနာပန်းခင်း သက်ကြီးပူဇော်ပွဲ (ပထမ အကြိမ်)မှာ မိမိတို့ရဲ့ အေးမြကြည်လင်သော လက်များနဲ့ “အထီးကျန် ဆည်းဆာအို”များအား ဖေးမကူညီ မျှဝေခံစားပေးနိုင်ရန် စေတနာပန်းခင်းမှ အထူးပဲ ဖိတ်ခေါ်အပ်ပါတယ်.....။

ယခုလက်ရှိ ကောက်ယူထားသော စာရင်း အရ မဟာသာ ကျေးရွာမှာ အေ၇ှ့ပိုင်း တစ်ပိုင်းတည်းလျှင် (၇၅)နှစ်ကျော် သက်ကြီးဘိုးဘွား (၃၅)ယောက် စာရင်းရထားပါတယ်၊ နောင် ကျန်အပိုင်းများ အား နောင် အခါများမှာ ကန်တော့သွားပါမယ်။ လက်ရှိ ဘိုးဘွား တစ်ဦးလျှင် ငွေသား သီးသီး တစ်သောင်းကျပ်ဖြင့် မည်သူမဆို ကုသိုလ်ယူနိုင်ကြပါသည်....။

စေတနာပန်းခင်း သက်ကြီးပူဇော်ပွဲ ကျင်းပမည့်...

နေရာ........................စေတနာပန်းခင်း သာသာနာပြုကျောင်းတော်၊ မဟာသာကျေးရွာ ၊ ဇလွန်မြို့နယ်၊ ဧရာဝတီတိုင်း။
ဘိုးဘွား အရေတွက်.........(၃၇)ဦး (လတ်တလော အခြေနေအရဖြစ်ပါတယ်၊ ပိုမိုများစရာရှိပါတယ်)
နေ့ရက်.......................၁၃၇၄-ခု၊ တန်ခူး လဆန်း ၁၁ ရက်၊  မြန်မာ နှစ်ဆန်းတစ်ရက်နေ့၊ (၁၇.၄.၂၀၁၂)


အလင်းအိမ်(စေတနာပန်းခင်း)14.12.2011

No comments:

Post a Comment