အရှင်တေဇာနန္ဒ(အလင်းအိမ်၊ စေတနာပန်းခင်း) ၏ {၂၀၁၁၊ နိုဝင်ဘာလ အတွင်း ဆောင်ရွက်ခဲ့၊ ဆဲဖြစ်သော အကျိုးပြုလုပ်ငန်းလေးများ}


{၁.၁၁.၂၀၁၁}
ကြည့်မြင်တိုင်မြို့နယ်၌ စေတနာပန်းခင်း မိသားစု (ရန်ကုန်)အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ အနာဂါတ် သာသ နာပြု၊ လောကအကျိုးလုပ်ငန်းများအတွက် တိုင်ပင်ဆွေးနွေးကြသည်။

{၃.၁၁.၂၀၁၁}
စေတနာပန်းခင်း စာကြည့်တိုက် (ခမောက်စု)အုပ်မြစ်ချ အလှူပွဲကျင်းပကြသည်၊ (ရန်ကုန်အဖွဲ့ဝင် များဖြစ်ကြသော ကိုထွန်းထွန်းဝင်းနှင့် ပန်းအိဖြူတို့ လိုက်ပါကြသည်)
နေရာ=ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာ၊ ညောင်ပင်ပိုင်းရပ်။
ပင့်သံဃာ နံနက်(၁၆)ပါး၊ တစ်ပါးလျှင် အလှူငွေ ၂၀၀၀ ကျပ်၊(နှစ်ထောင်ကျပ်)
ညနေ (၁၅)ပါး၊ တစ်ပါးလျှင် အလှူငွေ ၁၀၀၀၀ (တစ်သောင်း) ကျပ်စီလှူဒါန်းသည်။
ဧည့်ပရိတ်သတ်များအား နံနက် မုန့်ဟင်းခါး၊ ညနေ အအေးစတုဒီသာ နဲ့ ရွှေကြည်မုန့်များဖြင့် ဧည့်ခံသည်။

{၅.၁၁.၂၀၁၁}
၂၀၁၁-ခုနှစ် မေလတွင်းက ရှင်ပြုပေးခဲ့သော (၃၈)ပါးမှ တည်မြဲကျန်ရစ်သော ကိုရင်ကလေးနှစ်ပါး အား လိုအပ်နေသော သေတ္တာ တစ်ပါးတစ်လုံးစီ လှူဒါန်းသည်။
စေတနာပန်းခင်းစာကြည့်တိုက်၌ လိုအပ်လျှက်ရှိသော စာအုပ်ထည့်ရန် အခန်းလေးခန်းပါ ဘီဒို အား ကိုထွန်းထွန်းဝင်းနှင့် မပန်းအိဖြူတို့ မောင်နှမ နှစ်ယောက်မှ လှူဒါန်းသည်။(တန်ဘိုး ၃၈၀၀၀)
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာရှိ စေတနာပန်းခင်းစာကြည့်တိုက် တွင် ၁ နှစ်တာ အတွင်း စာဖတ်အများဆုံး အသင်းဝင် (၃) ယောက်အနက် မသက်သက်ထွေး နှင့် မောင်ဖိုးသင်္ကြန်တို့အား ၁ နှစ်တာအတွင်း စာဖတ်အများဆုံးဆုလက်ဆောင်အဖြစ် ကြိုက်နှစ်သက်ရာ စာအုပ် (၁) အုပ်စီ အား ဆုချီးမြှင့်ခဲ့ပါသည်။
မောင်ဖိုးသင်္ကြန်မှ ကာတွန်း သျှောင်ပေစူး ပုံဖော်သည့် လေဘီလူးတဲ့လား စာအုပ်နှင့် ဆုငွေ ၂ဝဝဝိ/- ကျပ်
မသက်သက်ထွေးမှ ဆရာ နန္ဒသိန်းဇံ ရေးသားသည့် ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင်ခရီးစဉ် စာအုပ်အား ဆုချီးမြှင့်ခဲ့သည်။




{၆.၁၁.၂၀၁၁}
ရွာလည်ကျောင်း စာသင်တိုက် စုပေါင်းဘုံကထိန်အတွက် တပည့်များ လာရောက် အလှူခံသော ကြောင့် တစ်ဖွဲ့လျှင် ငါးထောင်၊ တစ်သောင်း စသည်ဖြင့် လှူဒါန်းရာ စုစုပေါင်း ၇-သောင်း လှူဒါန်း ဖြစ်သည်။ (ကိုထွန်းဝင်းနှင့် ပန်းအိတို့လည်း လှူဒါန်းကြပါသည်၊ ကိုယ်ရှေ့က လှူတိုင်း သူတို့ လည်း လိုက်လှူကြပါတယ်၊ တပည့် ပီသကြတယ်ပေါ့)

{၁၀.၁၁.၂၀၁၁}
(တန်ဆောင်မုန်းလပြည့်၊ တရားပွဲ)
နေရာ=ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပိန်းအင်းအုပ်စု၊ ဇရစ်ရိုးကျေးရွာ အောင်ဒီပါ ဓမ္မာရုံ။
အချိန်=ည ၈း၀၀ မှ ၁၀း၀၀ ထိ။
အလှူငွေ=၁၆၀၀၀၀ ကျော်။(တစ်သိန်း ခြောက်သောင်းကျော်)
{ပြန်လည် လှူဒါန်းမှု}
ထိုအလှူငွေများထဲမှ ငါးသောင်းအား တရားပွဲကျင်းပရာ အောင်ဒီပါ ဓမ္မာရုံ၌ လိုအပ်သည် များ ဖြည့်ဆည်း ရန် ပြန်လည်လှူဒါန်းသည်။
ကျန်ရှိသော တစ်သိန်းကျပ်အား လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာ ကိုးတောင်ပြည့်စေတီ   တော်အတွင်း ဆောက်လုပ်မည့် အင်္ဂါပါတ်ဆွမ်းလောင်းရုံအတွက် မတည်ငွေအဖြစ် လှူဒါန်းခဲ့ သည်။ (ကျန်ရှိသော တစ်သောင်းကျော်မှာ ဆိုင်ကယ်ဆီဖိုးဖြစ်ပါသည်၊ လေးမျက်နှာနှင့် ဇလွန်မြို့ နယ်တစ် ခွင် ပြဲပြဲစင်အောင် ဆိုင်ကယ်ဖြင့် နေ့စဉ်သွားလာနေရပါသည်)။

{၁၁.၁၁.၂၀၁၁}
(တန်ဆောင်မုန်းလပြည့်ကျော် ၁.ရက်နေ့၊ တရားပွဲ)
ဇရစ်ရိုးတရားပွဲအပြီး နောက်တစ်နေ့နံနက် မိုင်ပေါင်း ခြောက်ဆယ်ကျော်ခရီးသို့ ဆိုင်ကယ်ဖြင့် ကြွ၍ ညတရားပွဲ ဆက်လက်ဟောကြားသည်။
နေရာ=ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ စက္ကလေးရပ်ကွက်၊ ရဟန်းအစ်မကြီး ဒေါ်ရွှေ၏ နေအိမ်။
အချိန်=ည ၇း၃၀ မှ ၉း၃၀း ထိ။
အလှူငွေ=ကိုးသောင်းကျော်။
၎င်း အလှူငွေများအား ကျန်းမာရေး မကောင်းသော မယ်တော်ကြီးအား ဆေးကုသပေးခဲ့ပါသည်။

{၁၂.၁၁.၂၀၁၁}
စက်ကလေးရပ်ကွက်မှ နံနက်စောစောထ၍ ၁၂ မိုင်ခန့် ဝေးသော မယ်တော်ကြီးရှိရာ ဇလွန်မြို့ နယ်၊ မဟာသာကျေးရွာသို့ ဆိုင်ကယ်ဖြင့်ကြွသည်။

{၁၃.၁၁.၂၀၁၁}
ညနေပိုင်း၌ စေတနာပန်းခင်း သာသနာပြုကျောင်းတော်(မဟာသာ)သို့ သွားရောက်ကြည့်ရှု၍ လို အပ်နေ   သော ကုဋီ၊ လှေကား၊ အချောကိုင်ရန် များအနက် လှေကားကို မဖြစ်မနေ နွေအလှူ အမှီ (၄င်းကျောင်းတော်၌ ယခုနှစ် စေတနာပန်းခင်း ဒုတိယအကြိမ် စုပေါင်းရှင်ပြု၊ ရဟန်းခံပွဲ ကျင်းပမည်) လှေ ကား အလှူရှင်ရှာပေးမည်ဟု တာဝန်ခံခဲ့သည်။

{၁၈.၁၁.၂၀၁၁}
(ကလေးတရားပွဲ)
မွေးရပ်မြေမှ ဆိုင်ကယ်ဖြင့် ကြွရောက်၍ “ကလေးတရားပွဲ” ဟောကြားသည်။
နေရာ=ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပိန်းအင်းအုပ်စု၊ ဂွေးချိုကျေးရွာ အခြေခံပညာ မူလ တန်းကျောင်း။
အချိန်=နေ့လည် ၁၂း၃၀ မှ ၂း၃၀ ထိ။
ပရိတ်သတ်=ဂွေးချို အ.မ.က၊ ကျောင်းစု အ.မ.က နှင့် ရုံးတော အ.မ.က ကျောင်းများမှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း တစ်ရာကျော်လာရောက်တရားနာကြသည်။
အလှူငွေ=၈-သောင်းခွဲကျော်။


{ပြန်လည်လှူဒါန်းမှု}
၁. ထိုအလှူငွေများမှ ဂွေးချို အ.မ.က ကလေးငယ်များ အာဟာရကျွေးရန် ငါးထောင် နှင့် ကျောင်းစာကြည့် တိုက်အတွက် စေတနာပန်းခင်း စာကြည့်တိုက်မှ စာအုပ် (၁၀)အုပ်။
၂. ရုံးတော အ.မ.က မှ ကလေးငယ်များ  အာဟာရတိုက်ကျွေးရန် ငါးထောင်နှင့် ရုံးတော ကျေးရွာ ပုဂ္ဂိလိက စာကြည့်တိုက်အတွက် စေတနာပန်းခင်း စာကြည့်တိုက်မှ စာအုပ် (၅)အုပ်။
၃. ကျောင်းစု အ.မ.က မှ ကလေးငယ်များ အာဟာရကျွေးရန် အလှူငွေ ငါးထောင်။
၎. ကျန်ရှိသော အလှူငွေ ခြောက်သောင်းခွဲကျော်အား စေတနာပန်းခင်း စာကြည့်တိုက် (ခမောက်စု) ၏ ဆောက်လုပ်ရေးအတွက် အကုန်လှူဒါန်းခဲ့သည်။

{၁၉.၁၁.၂၀၁၁}
တရားပွဲအပြီး နောက်တစ်နေ့ မိုင်အားဖြင့် (၁၆)မိုင် ဝေးကွာသော ဟင်္သာတသို့ ဆိုင်ကယ်ဖြင့် သွား၍ “စေတနာပန်းခင်း သာသနာပြုကျောင်းတော်” (မဟာသာ)အတွက် မဖြစ်မနေလိုအပ် လျှက်ရှိသော လိုအပ် ချက်များအား အင်တာနက်မှ တစ်ဆင့် တင်ပြရာ စေတနာပန်းခင်း မိသားစု ၀င် တစ်ဦးဖြစ်သော ကိုချစ်ဝင်း+မသဇင်(စင်္ကာပူ) တို့မှ မင်္ဂလာဦးအလှူအဖြင့် အလှူတော်ငွေ ၃၅၀၀၀၀ အား လှူဒါန်းပါမည့် အကြောင်း လျှောက်ထားကြသည်။ (ရင်ထဲ ၀န်တစ်ခု ပေါ့သွားသည်)။

{၂၉.၁၁.၂၀၁၁}
 (ကလေးတရားပွဲ၊ ရက်အပြောင်းလဲ ရှိနိုင်သည်)
ထိုရက်မတိုင်ခင် ရန်ကုန်သို့ ကြွ၍ ပြုစရာရှိသည်များပြုလုပ်ပြီးနောက် “ကလေးတရားပွဲ” တစ်ပွဲ နယ်ဘက် သို့ ပြန်လည်ကြွ၍ ဟောကြားမည်။
နေရာ=ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အချုပ်ကလေးကျေးရွာ အခြေခံပညာ မူလတန်း ကျောင်း။


“ထပ်တူပါ”
~~~~~~~~~~
ကောင်းမှုအဖုံဖုံ အလုံးစုံအား “စေတနာပန်းခင်း သာသနာပြု မိသားစု”များ၏ “ထပ်တူ ကောင်းမှု ” များ အဖြစ် မှတ်ယူပေးကြရန်။

ဆုတောင်း
~~~~~~~~~~
ဤကောင်းမှုတို့ကြောင့်…..
သာသနာအကျိုး၊ လောကအကျိုး ဆောင်ရွက်ရာ၌ အကျွန်ုပ်သည်…..
၁. ဆောင်ရွက်ပိုင်ခွင့် နှင့် ဆောင်ရွက်နိုင်စွမ်းရှိတဲ့သူ ဖြစ်ပါစေ။

ထိုထိုသို့သော သာသနာနှင့် လောကအကျိုးများ သယ်ပိုးရာတွင်…..
၂. မလိုလားအပ်သော အခက်အခဲများ၊ အတားအဆီးများအား လွယ်လင့်တစ်ကူ ဖြတ်ကျော်နိုင် သော “သူ” ဖြစ်ရပါစေ။
၃. မြင်သူတကာ၏ နှလုံးသားအား အေးချမ်းသာယာသော ဥပဓိရုပ်အား ထာဝရပိုင်ဆိုင်နိုင် “သူ” ဖြစ်ရပါစေ။
၎. စေတနာပန်းခင်း သာသနာပြု၊ လောကအကျိုးပြု မိသားစုများ ထာဝရတည်တံ့နိုင်ပါစေ….။
၅. မိမိယ်ကိုတိုင်နှင့် အများသူ၊ ငါ အား ထာဝရချမ်းသာ “သန္တိသုခ” နိဗ္ဗာန်သို့ ပို့ဆောင်နိုင်သူ ဖြစ်ရပါစေ…။

သူတော်စဉ်ဓါတ် တရားမြတ် လွှမ်းပါတ် ကမ္ဘာတည်ပါစေ…..။
အရှင်တေဇာနန္ဒ (အလင်းအိမ်၊ စေတနာပန်းခင်း)
(၂၂.၁၁.၂၀၁၁-အင်္ဂါနေ့)

No comments:

Post a Comment