လူနှင့် ၀ိပဿနာ


ဝိပဿနာဆိုတာ လူတိုင်းနဲ့ လက်လှမ်းမှီတဲ့အရာပါ၊ လူမျိုးမရွေး ဘာသာမရွေး၊ ၀ိပဿနာရဲ့ အကျိုးကို ခံစားနိုင်ပါတယ်၊ တစ်ကယ်တော့ရှင်းရှင်းလေးပါ၊ လူတွေက ရှင်းတာကို မကြိုက်  ကြဘူးလေ၊ အရှုပ်ထဲမှာပဲ ပျော်ကြတာမို့လား၊ အဲဒိတော့ ၀ိပဿနာကို လက်လှမ်းမမှီဘူး ထင်ကြပြီပေါ့၊ ၀ိ...ဆိုတာ သေသေချာချာ၊ ပဿနဆိုတာ ကြည့်တာပါ၊ ဘာကိုကြည့်ရမလဲ ဆိုတော့ ကိုယ့်ရုပ်၊ ကိုယ့်နာမ်ကိုပဲ ကြည့်ရမှာ ပါ၊ ရုပ်နာမ်တွေရဲ့ သဘာဝကို သသာဝ အတိုင်းလေး မြင်အောင်ကြည့်တာကိုပဲ ၀ိပဿနာရှုတယ်လို့ ခေါ်တာပါ၊ ၀ိပဿနာ က လောကုတ္တရာ တင်မကပါဘူး၊ လောကီအတွက်လည်း အကျိုးပြုတာပါပဲ၊ ကိုယ့်ကိုယ်ကို မြင်ရင် လောကကို လည်း မြင်ပါပြီ၊ ကိုယ်လည်း ဒီရုပ်၊ဒီနာမ် ၊ သူများလည်း ဒီရုပ်၊ ဒီနာမ်ပါပဲ၊ ကိုယ်ချင်းစားစိတ်တွေ လည်း တိုးပွါးလာတာပေါ့၊ ဆိုချင်တာတော့ ၀ိပဿနာဟာ လောကီ အတွက်ရော၊ လောကုတ္တရာ အတွက်ရော အကျိုးရှိပြီးတော့ လူတိုင်းနဲ့ လက်လှမ်းမှီပါတယ်လို့ ....။

အလင်းအိမ်(စေတနာပန်းခင်း)

No comments:

Post a Comment