စေတနာပန်းခင်း စိတ်နေသဘောထား

၁။ လူမှု အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘာသာ၊ လူမျိုး ခွဲခြားခြင်း မရှိစေရ။

၂။ ဘာသာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွါးရေးအတွက် အဓိကထား
     ဆောင်ရွက်ရမည်။

၃။ မိသားစု (အကျိုးဆောင်၊ အသင်းဝင် ၊ အလှူရှင်) အချင်းချင်း ကူညီ ရိုင်းပင်းမှုရရှိမည်။ တစ်စုံတစ်ရာ
     အခက်ခဲတွေ့က ၀ိုင်းဝန်း ဖြေရှင်ပေးရမည်။

     (က) ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် တစ်ဦးနှင့် တစ်ဦး ဂုဏ်၊ သိက္ခာထိခိုက်စေသောအပြောအဆို
             များအား ရှောင်ရှားရမည်။

      (ခ) စေတနာပန်းခင်း မိသားစုဝင် အချင်းချင်း ပစ္စည်း၊ ဥစ္စာအားဖြင့်သော်၎င်း၊ ဂုဏ်အားဖြင့်သော်၎င်း
            ခွဲခြားဆက်ဆံခြင်းမျိုး လုံးဝ မရှိစေရ။

      (ဂ) တစ်နှစ်ပြည့်တိုင်း အသင်း၏ လုပ်ဆောင်ချက်များ၊ အကျိုးဆောင်များ၏ ဆောင်ရွက်ချက်များအား
            ပြန်လည် သုံးသပ်၍ လိုအပ်သည်များအား ဖြည့်စွက် ပြင်ဆင်ခြင်းများ ပြုလုပ်၍ လုပ်အားဖြင့်
            သော်၎င်း၊ အလှူငွေအားဖြင့်သော်၎င်း တစ်စုံတစ်ရာ လှုပ်ရှားမှု မရှိသော အကျိုးဆောင်များအား
            အသင်းမှ ရပ်နားခွင့်ပေးသွားပါမည်။

၎။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို အထူး လေးစားတန်ဘိုးထားရမည်။

      (က) စေတနာပန်းခင်း အနေဖြင့် ကျေးလက်ဒေသများသို့ အရေးကိစ္စရှိ၍ သွားရောက်ရလျှင် စကပ်
              အတို၊ အကွဲ၊ ဘောင်းဘီ အတို၊ အရှည်စသည်နှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ၀တ်စား
              ဆင်ယဉ်မှုများအား ရှောင်ရှားရမည်။

       (ခ) စေတနာပန်းခင်းမှ ဆောင်ရွက်သော လူမှုရေး ၊ ဘာသာရေး စသော ခရီးစဉ်များ သွားရောက်ကြရာ
             တွင် စေတနာပန်းခင်း အသင်းဝတ်စုံအား ၀တ်ဆင်ကြရမည်။

      (ဂ) မိမိ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ၌ အသင်းအမည်အား တလွဲ အသုံးချခြင်း မရှိစေရ။

၅။  အရေးကိစ္စများ ပေါ်ပေါက်လာပါက ရွှေဘုန်းအား တင်ပြ၍ အသင်းဝင်အားလုံး ပါဝင်ဆွေးနွေးပြီးမှသာ
      လျှင် အပြီးသတ်ဆုံးဖြတ်ချက် ချရမည်။

မှတ်ချက်။  ။ ဤစည်းကမ်းချက်များသည် တစ်စုံတစ်ရာ ပြင်ဆင်၊ တိုးချဲ့စရာ အရေးကိစ္စများ မပေါ်ပေါက်ခင် အချိန်ထိ အတည်ဖြစ်သည်။



ဥက္ကဋ္ဌ
အရှင်တေဇာနန္ဒ (ရွှေဘုန်း၊ စေတနာပန်းခင်း)
B.A (ဓမ္မာစရိယ၊) M.A (Thesis)
 စေတနာပန်းခင်း သင်တန်း၊ စာကြည့်တိုက်နှင့် ဖောင်ဒေးရှင်း

No comments:

Post a Comment