စေတနာပန်းခင်း (ကဗျာ)


ချောင်းစပ်နံဘေး 
အမေ့အိမ်လေးဝယ်
မကျည်းပင်အောက် စုရုံးရောက်သည် ....

ပေတူးနှပ်ချေး
 ခြောက်(၆)ကလေးနှင့်
စေတနာပန်းခင်း အစပျိုးခြင်း ။

ခလေးထိန်းဘဝ
အမေရလည်း
မညည်းမညူ သူဖေးကူသည်

အမေ့စေတနာ ရာသီစာဖြင့်
စေတနာပန်းခင်း အောင်မြင်ခြင်း ။

ကိုယ့်မွေးရပ်ရွာ တိုးတက်ပါစေ
မှန်ကန်စေတနာ ဤမေတ္တာဖြင့်
အမေ နှင့် ကျွန်ုပ် ကြိုးကုတ်ခဲ့သည်
စေတနာပန်းခင်း ရနံ့သင်းပြီ ။

စေတနာပန်းခင်း ရနံ့သင်း၍
မွေးရပ်တစ်ခွင် ရနံ့လွင်သည်
ကိုယ့်ပြည် ကိုယ့်ရပ် ကောင်းဖို့တည်း . . . .။

ဘုန်းဘုန်း အလင်းအိမ် အတွက် တပည့်တော် ကြိုးစားပြီး ပူဇော်လိုက်ပါတယ် အရှင်ဘုရား . . . စေတနာဖြင့် . . .ကပ္ပိယ မောင်ရဲ . . ..

စေတနာပန်းခင်း ကဗျာလေးပါ။ ကျေးလက်အလှတရား (စေတနာပန်းခင်း စာစဉ်-၁) စာအုပ်မှာ ပါသည့် ကဗျာဖြစ်ပါတယ် .....။ 

ရွှေဘုန်း (အရှင်တေဇာနန္ဒ၊ စေတနာပန်းခင်း)

No comments:

Post a Comment