ဘယ်နည်းလမ်းကို ရွေးမလဲ

ဘယ်လောကမှာ မဆို ချို့ယွင်းချက်ဆိုတာ ရှိပါတယ်။ အဲဒါတွေကို ကောင်းစေချင်တယ်ဆိုရင် အပြစ်တင် ဝေဘန်တဲ့ နည်းကတော့ မထိရောက်တာ သေချာတယ်။ ဘာလို့လည်းဆိုတော့ လောကမှာ အပြစ်ကင်းတဲ့သူဆိုတာ မရှိလို့ပါပဲ။ အဲဒိတော့ သူ့ကို ကိုယ်က အပြစ်တင်ရင် သူကလည်း ကိုယ့်ကို ပြန်ပြီးတော့ အပြစ်တင်မှာပဲ၊ အဲလိုသာ ဖြစ်ရေင် အမုန်းသံသရာက ဆုံးမှာ မဟုတ်တော့ဘူး။ ။  

 ကိုယ်ဖြစ်ချင်တာလည်း မဖြစ်နိုင်တော့သလို ကိုယ်မဖြစ်ချင်တာ တွေတောင် ဖြစ်လာတော့မှာပါ၊ ဒါကြောင့် အကောင်းဆုံး နည်းကတော့ အပြစ်မပြောပဲ လိုအပ်တာကို ရှာပြီးတော့ ဖေးမပြင်ဆင်ပေးခြင်းကသာလျှင် အအောင်မြင်ဆုံးနည်းဖြစ်မှာပါ။ ဘာလို့ ဒါကို သိလည်းဆိုတော့ ကိုယ်ကိုယ်တိုင်လည်း အရင် နည်းလမ်းမှားခဲ့ဖူးလို့ပါပဲ၊ မိန်းကလေးတွေ ဘုရား၊ကျောင်းကန်တွေမှာ မတော်တရော်အ၀တ်စားတွေ ၀တ်တာ မြင်ရတဲ့ အခါ စိတ်ထဲ မချမ်းသာပါဘူး။
အဲလို ဖြစ်တဲ့ အခါ အရင်က အပြစ်ပြောပြီး၊ ပြုပြင်ဖူးတယ်၊ မအောင်မြင်ဘူး။ ဘာလို့သူတို့လက်မခံလဲဆိုတော့ နည်းလမ်းမမှန်လို့ပါပဲ၊ သူတို့ နားလည်အောင် အကျိုးသင့်အကြောင်း ပြောပြလိုက်တဲ့ အခါကျတော့ လက်ခံတဲ့သူ များပါတယ်။ လူဆိုတာ အသိညဏ်ရှိတဲ့ သတ္တ၀ါဆိုတော့ နားလည်အောင်ပြောပြရင် နားလည်ကြတယ်လေ။ တစ်ကယ်လို့ ကိုယ်က နည်းလမ်းမှန်လျှက်နဲ့ သူတို့လက်မခံရင်တော့ ဒါ ၀မ်းနည်းစရာမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ လူဆိုတာ တစ်လောကလုံးရဲ့ တာဝန်ကို ကိုယ့်ပခုံးပေါ်တင်ထားလို့မှ မရတာ၊ ကိုယ်နိုင်သလောက် ထမ်းပြီးရင် ကိုယ့်တာဝန်ကျေပြီလေ။ ကိုယ်မနိုင်တာကို အတင်း ကုန်းထမ်းနေရင်တော့ ခါးကျိုးရုံကလွဲပြီး ဘာအကျိုးမှ ဖြစ်မယ်မထင်ပါဘူး။ 

 ဒီပို့စ်ဟာ လောကတစ်ခုတည်းကို ရည်ရွယ်တာ မဟုတ်ပါဘူ၊ လောကတိုင်းကိုရည်ရွယ်တာပါ။ တစ်စုံတစ်ယောက်ကို ရည်ရွယ်တာ မဟုတ်ပါဘူး။ အားလုံးကို ရည်ရွယ်တာပါ။ အောင်မြင်ကြပါစေ..။

(ရွှေဘုန်း၊ စတနာပန်းခင်း)16.9.2011

No comments:

Post a Comment