စေတနာပန်းခင်း ဖောင်ဒေးရှင်း


၁.“ပိုဆံမရှိလို့၊ ကောင်းကောင်းမစားရတာ၊ ပိုက်ဆံမရှိလို့ ကောင်းကောင်းမ၀တ်ရတာ၊ ဘာဖြစ်လဲ၊ အဲဒါကို ခံစားလို့ရတယ်၊ အစားအစာလည်း အာဟာရဖြစ်ဘို့ပဲ၊ အ၀တ်အစားဟာ အရှက်လုံဘို့ပဲ၊ ဒါပေမယ့် ပိုက်ဆံမရှိလို့၊ မသေသင့်ပဲသေ ရတာ၊(သေနေ့စေ့လို့တော့ မပြောနဲ့နော်) ပိုက်ဆံမရှိလို့ ရောဂါတွေ မခံစားသင့်ပဲ ခံစားနေရတာ အဲဒါတွေကိုတော့ ဘယ်လိုမှ မခံစားနိုင်ဘူး၊အဲလို ဘ၀မျိုးဟာ ကိုယ်ရော မဖြစ်နိုင်ဘူးလား၊ ပြိးတော့ ကိုယ့် ဆွေတွေရော မဖြစ်နိုင်ဘူးလား၊

၂. နောက်ပြီးပိုက်ဆံမရှိလို့ ဒေါက်တာ မဖြစ်တာ ဘာဖြစ်လည်း၊ ကိုယ် မဖြစ်လည်း သူများဖြစ်မှာပေါ့၊ ပိုက်ဆံမရှိလို့ စာလေးတောင် မဖတ်တတ်တာ၊ ဟိုစာချုပ်ဒီစာချုပ်တွေမှာ ကြက်ခြေလေးပဲ ခတ်နိုင်တာ၊ အဲဒိလို မျိုးဆက်တွေ ဦးဇင်းတို့လက်ထက်မှာ အဖြစ်မခံနိုင်တော့ဘူး၊ အဲလိုဘ၀မျိုးရော၊ ဦးဇင်းတို့ကိုယ်တိုင် မဖြစ်နိုင်ဘူးလား၊ ဦးဇင်းတို့ ဆွေမျိုးတွေရော မဖြစ်နိုင်ဘူးလား၊

၃. ခွေးကိုက်လို့မှ ကာကွယ်ဆေးထိုးရမှန်းမသိ၊ ဖုတ်သိပ်ရင်ပျောက်ပါတယ်ဆိုတဲ့ အသိညဏ်ရှိတဲ့ မျိုးဆက်မျိုး ဥိးဇင်တို့ ခေတ်မှာ အဖြစ်မခံနိုင်တော့ဘူး။ အဲဒါ ကိုယ်ရော မဖြစ်နိုင်ဘူးလား ကိုယ့်အမေ၊ အမေတွေရော မဖြစ်နိုဘူးလား၊
၎. တစ်ချို့ အမေအရွယ်၊ ဒကာမကြိးတွေ၊ ဒကာကြိးတွေ တရားစခန်းလေး ၀င်ချင်တယ်၊ တရားလေးနာချင်တယ်၊ ဒါပေမယ့် ဈေးတောင်းခေါင်းပေါ်ရွက်ပြီး ထမင်းရှာစားနေရတယ်၊ အဲလို ကွက်လပ်တွေ အတွက် ကိုယ်ဘာလုပ်ပေးနိုင်မလဲ..

စတဲ့...စတဲ့..စတဲ့...လိုအပ်ချက်တွေအတွက် ဦးဇင်းတို့ ဘာလုပ်ပေးနိုင်မလဲ၊ အဲ့ဒီအတွက် " စေတနာပန်းခင်း ဖောင်ဒေးရှင်း " ကို စတင်အကောင်အထည်ဖော်ပါမည်..။

အလင်းအိမ်(စေတနာပန်းခင်း)

No comments:

Post a Comment