အိပ်မက်ထဲက အိပ်မက်များ


ကိုယ်တွေ ရရှိထားတဲ့ ဘ၀တစ်ခုလုံးဟာ အိပ်မက်ဆိုရင် အဲဒိဘ၀ထဲက စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ အားလုံးဟာ အိပ်မက်ထဲက အိပ်မက်တွေပဲပေါ့။ လူတိုင်းမှာ ဘ၀ကိုယ်စီရှိနေတာဆိုတော့ အိပ်မက်တွေလည်း ကိုယ်စီရှိနေကြတယ်လေ။ ကိုယ်ရှင်သန်ရာလောက၊ ပါတ်ဝန်းကျင်၊ ၀ါသနာစရိုက် စတာတွေအပေါ်မူတည်ပြီးတော့ အိပ်မက်တွေလည်း အမျိုးမျိုး ကွဲပြားနေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရာရာဟာ အဲဒိစိတ်ကူးအိပ်မက်တွေ အပေါ်မှာပဲ အခြေခံခဲ့ကြတာပါ၊ တက္ကသိုလ် ကျောင်းသား ကိုအောင်းဆန်းလည်း အိပ်မက်တွေ မက်ခဲ့တယ်၊ ဘီလ်ဂိတ်လည်းအိပ်မက်တွေ မက်ခဲ့တယ်၊ စတိဗ်ဂျော့စ်လည်း အိပ်မက်တွေမက်ခဲ့တယ်၊ သူတို့ရဲ့ အောင်မြင်မှုအားလုံးဟာ သူတို့ရဲ့ အိပ်မက်တွေ အပေါ်မှာ အခြေခံခဲ့ပါတာပါ။

အတိတ်တံခါးများအား တွန်းဖွင့်ခြင်း

လူတိုင်းမှာ အတိတ်ဆိုတာ ရှိပါတယ်။ အတိတ်တစ်ချိန်ချိန်က အကြောင်းအရာလေးတွေပေါ့၊ အဲဒိအတိတ် အကြောင်းအရာလေးတွေဟာ လှပဲတ့ အကြောင်းအရာလေးတွေလည်း ရှိနိုင်သလို၊ မလှပတဲ့ အတိတ် ကလေးတွေလည်း လူတိုင်းကိုယ်စီရှိကြတာပါပဲ။ အဲဒိတော့ အလင်းအိမ်မှာလည်း ရှိပါတယ်။ အလင်းပေးတဲ့ မနက်ခင်းလို အတိတ်တွေ တောက်ပခဲ့ဖူးသလို၊ မဲနေအောင်မှောင်တဲ့ အတိတ် သန်းခေါင်ယံတွေ ကိုလည်း ထွေးပိုက်ခဲ့ဖူးပါတယ်။ သေချာတာကတော့ လူတိုင်းဟာ လှပတဲ့ အတိတ်တွေချည်းပဲ ပိုင်ဆိုင်ခွင့် မရှိနိုင်သလို၊ အကျည်းတန်မဲညစ်တဲ့ အတိတွေချည်းပဲ ထွေးပိုက်ခဲ့တဲ့သူဆိုတာလည်း မရှိနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ လင်းပြီး၊ တစ်ခါတစ်ရံမှာ မှောင်မယ်၊ တစ်ခါတစ်ရံမှာ လှပြီး၊ တစ်ခါတစ်ရံမှာ အရုပ်ဆိုးမယ်။

ဒုက္ခဆိုတာ ဘာလဲ...?

နေ့စဉ်လူသားတွေနဲ့ အတော်လေးကို ရင်းနှီးတဲ့ ပါဠိစကားလုံးလေး တစ်လုံးရှိပါတယ်။ အဲဒါကတော့ “ဒုက္ခ”ပါ။ ဒုက္ခကို မြန်မာဘာသာနဲ့တော့ “ဆင်းရဲခြင်း”လို့ သာမာအားဖြင့် ဘာသာပြန်လိုက်ကြတာပါပဲ၊ ဆရာကြီး ဦးမြင်ဆွေ(မဟာဝိဇ္ဇာ၊ လန်ဒန်)ကတော့ ဒုက္ခကို “ဆင်းရဲခြင်း”လို့ ဘာသာပြန်ခြင်းထက်၊ ဘာသာမပြန်ပဲထားတာက ပိုကောင်းပါတယ်တဲ့။ ဆင်းရဲခြင်းလို့ သာမာန်ဘာသာပြန်လိုက်ခြင်းအားဖြင့် အဓိပ္ပါယ်ကောက် လွဲမှားမှုတွေဖြစ်နိုင်တယ်။ ဥပမာ ဗုဒ္ဓ၀ါဒဟာ အဆိုးမြင်ဝါဒ စသည်အားဖြင့်ပေါ့။

 ရေးခဲ့ဘူးသလိုပဲ ဗုဒ္ဓ၀ါဒဟာ ဖြစ်နိုင်တာကြီး ကိုလည်း မြှောက်ပင့်ပြီး မျှော်လင့်ချက်အတုကို မပေး ဘူး။ ဖြစ်နိုင်တာထက် ကျော်လွန်ပြီးလည်း ချိန်းခြောက်မှုတွေ မလုပ်ဘူး။ လောကမှာ ရှိနေတာကိုပဲ အရှိ တိုင်းလမ်းညွှန်ချက်ပေးတာ ဗုဒ္ဓ၀ါဒပါ။ အဲဒါကို မသိကြတော့ ဒုက္ခ=ဆင်းရဲခြင်းဆိုတဲ့ ဘာသာပြန်ကိုကြည့်ပြီး ဗုဒ္ဓ၀ါဒဟာ အဆိုးမြင်ဝါဒပါ လို့ ရမ်းကြိတ်ကြတော့တာပါပဲ။ မြတ်စွာဘုရားရှင်က ဓမ္မစင်္ကြာဒေသနာတော်မှာ ဇာတိပိ ဒုက္ခာ စသည်အားဖြင့် ဒုက္ခသရုပ်တွေ ထုတ်ပြပြီးတော့ နောက်ဆုံးမှာ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာလို့ ဟောတော်မူပါတယ်။ ဆိုလိုရင်းကတော့ “အကျဉ်းချုပ်လိုက်တော့ ခန္ဓာငါးပါး ရနေတာကိုက ဒုက္ခပါ”လို့ဟောတော်မူတာပါ။

မျောက်

တတိယနှစ်တုန်းက သင်ခဲ့ရဘူးတဲ့ ဟိတောပဒေသ သင်္ခန်းစာလေးကို သတိယမိတယ်၊ ခေါင်းစဉ်ကိုတော့ “မျောက်”လို့ပဲ ကိုယ့်ဟာကိုယ် ပေးလိုက်တယ်။ တစ်ခါက သစ်ပင်ကြီးတစ်ပင်မှာ ငှက်ကလေးတွေဟာ အသိုက်ဖွဲ့ပြီး နေထိုင်ကြတယ်။

အဲဒိသစ်ပင်ကြီးရဲ့ အောက်မှာလည်း မျောက်မိသားစုတွေ နေထိုင်ကြတယ်တဲ့။ မိုးတွင်းကာလရဲ့ တစ်ခုသော ညနေမှာတော့ မိုးသည်းထန်စွာရွာသွန်းတဲ့ အတွက် သစ်ပင်အောက်မှာ နေထိုင်ကြတဲ့  မျောက်မိသားစုတွေ ဟာ ခိုက်ခိုက်တုံအောင် ချမ်းနေကြပါလေရာ၊ သစ်ပင်အထက်မှာရှိကြတဲ့ ငှက်မိသားစုတွေကတော့ အသိုက်လေးတွေထဲမှာ လုံလုံခြုံနဲ့၊ မိုးကလည်း အေးအေးနဲ့ဆိုတော့ နှပ်ကောင်းနေ လိုက်တာ၊ မျောက်မိ သားစုအတွက်တော့ မနာလိုချင်စရာပေါ့၊ ဒီအထဲ သစ်ပင်ပေါ်မှာ မိုးမိုးအေးအေးနဲ့ နှပ်နေကြတဲ့ ငှက်ကလေးတွေက ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး မနေနိုင်ကြဘူး။ 

ငါးပါး သီလအကြောင်း သိကောင်းစရာ

ပါဏာတိပါတ အင်္ဂါ ၅-ပါး။
-------------------
သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်းင်းအင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။
(၁) ပါဏ- သက်ရှိသတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ-သက်ရှိသတ္တ၀ါဟု မှတ်သိခြင်း၊
(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ-လုံ့လဉပခြင်း၊
(၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း။

ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး။
----------------------------
။ပါဏာတိပါတကံ ဖြစ်နိုင် ခြင်း၏ အကြောင်း တရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ။
(၁) ဥဒိဿ ပယောဂ- သတ္တ၀ါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ-သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊

ခေါင်းဆောင် မတင်ထိုက်သူများ

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း
၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း
၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။

၁။ ဂဏန်းနဲ့တူတဲ့ လူစားမျိုးတဲ့
***********************
ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က
ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာလာမလုပ်နဲ့ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

မေတ္တာ ဘယ်က စပို့မယ်...။(မေတ္တာအကျိုး)

မေတ္တာဆိုတာကို သိနေဟတီတိ မေတ္တာလို့ ၀ိဂြိုလ်ပြုပါတယ်။ ချစ်တတ်သောကြောင့် မေတ္တာလို့ အဓိပ္ပါယ် ရတာပေါ့။ ချစ်တယ်ဆိုရာမှာ လင်က အမျိုးသမီးက သူ့အမျိုးသားကို ချစ်သလိုမျိုး၊ လင်ချစ်၊ သားချစ်ကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒါကတော့ ဟေဟဿိတ ပေမ လို့ခေါ်တဲ့ အိမ်၌ မှီတဲ့ အချစ် သို့မဟုတ် တဏှာဖြစ်ပေါ့။ တစ်ကယ့် မေတ္တာဆိုတာကတော့ ကိုယ်နဲ့ထပ်တူ ထားပြီး ချစ်တော်မူတာပါ။ ကိုယ့် အကျိုး လိုလားသလို သူ့အကျိုးလည်း ကိုယ်နဲ့ ထပ်တူ လိုလားနိုင်မှသာလျှင် မေတ္တာလို့ ခေါ်ဆိုနိုင်ပါတယ်။ ခွဲခြားပြီး ချစ်တာဟာလည်းမေတ္တာစစ်မဖြစ်ပြန်ပါဘူး။